36

5.5K 278 13
                                    

နောက်ဆုံးမျှော်လင့်ချက်အနေနဲ့ သူတို့နှစ်ယောက်နေခဲ့တဲ့ ဘူဆန်က ရွာကလေးကသူရဲ့အိမ်သို့ Jungkook တယောက်ထွက်လာခဲ့တော့သည်..

ဒီရွာလေးကို လာရတဲ့အကြောင်းအရင်းကလည်း မနက်က လေးတင် ညီမဖြစ်သူရဲ့ အရိုးပြာအိုးရှိရာသွားတော့ နွမ်းနေပြီဖြစ်တဲ့ ပန်းစီးလေးကိုတွေ့ခဲ့တာကြောင့် Jungkook စဥ်းစားမိကာ ထွက်လာခဲ့ခြင်းဖြစ်သည်...

"ဟော ငါ့မြေးကြီး ဘာလို့ခုမှလာတာလည်း ..
မြေးငယ်လေးကမင်းကိုလွမ်းနေလို့ထင်တယ် ရောက်ထဲကမျက်နှာလည်းမကောင်းဘူး ကြည့်ရတာနေမကောင်းဘူးလားမသိဘူး တမှိုင်မှိုင်တထွေထွေနဲ့ ကြည့်လိုက်တိုင်း အိမ်ရှေ့ကွပ်ပျစ်လေးမှာထိုင်နေတာပဲ.. အစားရောစားရဲ့လားမသိ အဘွားမုန့်သွား ကျွေးလည်းမစားဘူး "

"အဘွား Tae ဒီရောက်နေတာပေါ့ ဟုတ်လား "

"အေးလေ ငါ့မြေးမသိဘူးလား "

" အဘွားကျေးဇူးပါ ကျွန်တော်သွားလိုက်အုံး
မယ် "

* ဒီကလေးတွေနဲ့တော့ ဒီမှာ ရှိတုန်းကလိုစိတ် ကောက် ကြပြန်ပြီထင်တယ် အင်းးးး ငါငယ်ငယ်က အဘိုးကြီးကိုအမြဲစိတ်ကောက်တာတောင်သတိရတယ်ကွယ် အဘိုးကြီးရေ ရှင်ရော အဲ့မှာပျော်နေလား ကျုပ်တော့ရှင့်ကိုအချိန်တိုင်လွမ်းနေတာရှင်သိရဲ့လား *

ကောင်းကင်ကြီးကိုမော့ကြည့်ကာ ပြုံးပြီးပြောနေပေမယ့်အဘွားရဲ့ပါးပြင်မှာ မျက်ရည်လေးတွေစိုလို့...

....

အဘွားရဲ့စကားကြားရတော့ Jungkook မှာ ဝမ်းလည်းဝမ်းသာသွားသလို စိတ်လည်းစိတ်ပူကာ သူ့အိမ်လေးရှိရာစီ ရွာထိပ်ကနေ တချိုးထဲပြေးဝင်လာခဲ့သည်..

အိ​မ်လေးရှိရာ ရောက်တော့ အိမ်အပြင်မှာ မတွေ့တာနဲ့ အိမ်ခန်းလေးထဲ ပြေးဝင်ကြည့်လိုက်ချိန် ကြမ်းပြင်မှာခွေခွေလေး အိပ်လို့နေတဲ့ Tae..

Jungkook ဟာ Tae ကိုမြင်တော့ အခန်းထဲ ဝင်ကာ အိမ်နေတယ် ထင်လို့ Tae ရဲ့ကိုယ်လုံးလေးကိုဖြေးဖြေးလေးလှုပ်နိုးလိုက်ပေမယ့် Tae ဟာ အိပ်ပျော်နေတာမဟုတ် အဖျားတွေကြီးကာ သတိလစ်မေ့မျောနေခဲ့တာ..

Vody (complete) Where stories live. Discover now