3

7.9K 495 12
                                    

နေ့တိုင်းလိုလို Taehyung ဟာ ကား workshop ကို ချောင်းပေါက်အောင်ကိုသွားလာပြီး Jungkook ကို နည်းမျိုးစုံနဲ့ ရင်းနီးမှုရအောင် ကြိုးစားသည်..

Jungkook ဘက်ကလည်း Taehyung ကို ရင်းနှီးခွင့်မပေးသလို လာလို့စကားပြောရင်တောင်ဘုနဲ့ဘောက်သာ..

ခုလည်း မျက်နှာကပြုံးစီစီဖြင့် workshop ကိုရောက်လာပြန်သည်..သူကိုမြင်တာနဲ့ ဘုနဲ့ဘောက်သာ ပြောဆိုတက်တဲ့ Jungkook ဒါကိုလည်းသူအတွက်ကတော့သဘောကျစရာလိုကိုဖြစ်နေသည်..

"Jungkook shi "

"ကားက ဘာဖြစ်ပြန်ပြီလည်း"

"ကားလား ကားက ဘာမှမဖြစ်ပါဘူး "

"ဒါဆိုဘာလာလုပ်တာလည်း"

" လူက တော်တော် ဖြစ်နေလို့လာတာ "

"လူဖြစ်နေရင် ဆေးရုံသွားလေ ဒါက ကားပြင်တဲ့နေရာ "

" ကျွန်တော် ဖြစ်နေတာကို ဆရာဝန်တွေ မကုနိုင်ဘူး ခင်များတယောက်ထဲပဲကုနိုင်မှာ "

" မင်းတော်တော် အားနေလား"

Jungkook ကို နှာခေါင်းလေးတချက်ရှုံကာ ပြုံးပြလိုက်တဲ့ Taehyung..ဘယ်လောက်ပြောပြောအမှတ်မရှိတဲ့ပုံ..

" ကျွန်တော်လား မအားပါဘူး မနက်ဆိုကျောင်းတက်တယ် ညဆို fri တွေနဲ့ bar သွားတယ် club တက်တယ် party ကျင်းပတယ် အားတဲ့နေ့ကို မရှိခဲ့ဘူး ခင်များကို မတွေ့ခင်ကပေါ့..ဟီး Tae နဲ့ တခုခုလိုက်စားပါလား Jungkook shi "

" ငါဒီလောက်ငြင်းနေတာ မင်းမှာ မာနမရှိဘူးလား "

" ကျွန်တော်မာနတွေအကုန်​ခဝါချပြီးမှ ခင်များစီ ကျွန်တော်လာခဲ့တာ "

သူဘယ်လောက်ပြောပြောမရတော့တဲ့ Taehyung ကို သူဥပေက္ခာပြုကာနေနေလိုက်သည်..

workshop ရုံထဲ အနောက်ကနေ တကောက်ကောက်လိုက်ကာ သူနဲ့တူတူတခုခုလိုက်စားဖို့ပြောနေတဲ့ Taehyung.. သူပြောသမျှကို ဂရုမစိုက်ကာ လုပ်စရာရှိတာသာ လုပ်လို့နေတဲ့ Jungkook.

အလုပ်ရုံရဲ့တနေရာမှာ မက်တပ်ရပ်ကာ လက်ကလေးကိုပိုက်လို့ မျက်နှာက ဆူပုတ်နေတဲ့ Taehyung.မရမခြင်းမပြန်ဘူးဆိုတဲ့ ကလေးအရစ်ထုတ်လေးပုံစံ နှုတ်ခမ်းကလည်းဆူထနေသည်..

Vody (complete) Where stories live. Discover now