34

5.2K 267 13
                                    

"ဒါဆိုလည်း ကွာရှင်းရအောင် "

" မဟုတ်ဘူး Tae ကိုယ်ပြောတာ အဲ့လို"

.......

ဒီစကားမပြောခင် လွန်ခဲ့တဲ့ နှစ်ရက်ကစလို့ပေါ့..

အိမ်ထောင်ကြပြီး တပတ်အကြာမှာ ပြသာနာရဲ့အရင်းခံက ဒီကနေစတာပဲ..

" ကိုယ်ဒီနေ့ Tae တို့အိမ်ထောင်ကြတာ တပတ်ရှိပြီနော် အဲ့တာ ညကျရင်အပြင်မှာတခုခုသွားစားရအောင် "

" ဟင် Tae အရင်ရက်တွေကလည်း အိမ်ထောင် ကျတာ တရက်ရှိပြီဆိုပြီး အပြင်မှာစားတယ် နှစ်ရက်ရှိတော့လည်းနှစ်ရက်ရှိပြီဆိုပြီးစားတယ်
လေ "

" အဲ့တာဘာဖြစ်လည်း ကိုယ်ကတနေကုန် အလုပ်ပဲသွားနေတာ Tae က အိမ်မှာတယောက်ထဲကျန်ခဲ့တာလေ အဲ့တော့ ကိုယ့်ကိုလွမ်းလို့ ညစာတူတူစားတာလေ မရဘူးလား"

" လွမ်းတာများ အိမ်မှာတူတူစားလည်းရတာပဲလေ "

Tae ရဲ့မျက်စောင်းဟာ ချက်ချင်းဆိုသလိုပင် ဘေးမှာထိုင်နေတဲ့ Jungkook စီ ဒိုင်းခနဲကိုကျရောက်သွားတော့သည်..အဲ့တော့မှပြုံးကာ ခါးလေးကိုဖတ်လို့ ပါးလေးကိုအနမ်းပေးလို့..

" ကိုယ်က Tae ကိုချစ်လို့စနေတာပါကွာ တပတ်မကဘူး တနှစ်ပတ်လုံး အိမ်ထောင်ကြတာ ရက် 100 ပြည့်ပြီးပြီဆိုပြီးလည်းစားမယ် 101 ရက်လည်းစားမယ် ဟုတ်ပြီလား "

Jungkook ချော့လိုက်တော့ ဘေးမှာ ထိုင်နေရာကနေ ချက်ချင်းပဲ ပေါင်ပေါ်တက်ထိုင်လိုက်ကာ ရင်ခွင်ထဲတိုးဝင်လို့ ခါးကိုဖတ်ထားကာ..

" ကိုယ်နော်အပြောနဲ့အလုပ်ညီတာပဲကြိုက်တာ Tae က "

" သိပါတယ်ဗျာ ဒီအဆိုးလေးက ဘယ်လိုအပြောနဲ့အလုပ်ညီလည်းဆို ဟောဒီက ကျွန်တော် Jeon Jungkook ခင်များလေးရဲ့ ယောကျားဖြစ်နေတာပဲကြည့်တော့လေ "

" ဟီးဟီး.. ဒါဆိုညကျရင်ဘယ်ဆိုင်မှာစားရင်ကောင်းမလည်း ရှာထားအုံးမှပဲ "

" ကိုရီးယားက စားသောက်ဆိုင်ကုန်သွားရင် ဘယ်လိုလုပ်မလည်း "

" အိမ်နီးနားချင်းနိုင်ငံတွေကို အပါး လေယာဥ်နဲ့သွားစားမှာပေါ့ "

အပြောနဲ့လက်တွေ့ ညီအောင်လုပ်တက်တဲ့ Tae ကြောင့် နောက်ဖြစ်လာမယ့်အရေးကို ကြိုတွေးကာ ကိုရီးယားမှာပဲ စားသောက်ဆိုင်အသစ်တွေထပ်ဖွင့်ရေး မဲဆွယ်ကြိုးစားရတော့မယ်လို့တွေးမိတော့တဲ့ အထိ Jungkook တယောက်မျက်ခုံးတွေလှုပ်လာသည်..

Vody (complete) Where stories live. Discover now