မနက်ခင်းစောစော အလုပ်သွားရင်ခေါ်သွားမယ်ပြောထားတာကြောင့် အရင်လို အိပ်ပုတ်မကြီးတော့ပဲ အစောကြီး နိုးနေကာ တထည်ထဲသော အကျီလေးကို ကျကျဏဏဝတ်လို့ထားတဲ့ Taehyung..
မနက်စာ မနေ့ကကျန်တဲ့ထမင်းကို ဆန်ပြုတ်လေးပြုတ်ထားတာကိုတူတူသောက်ပြီး Jungkook ရဲ့ စက်ဘီးနောက်ခါးလေးဖတ်ကာလိုက်လို့လာတဲ့ Tae..
" ဟီးဟီး ပျော်စရာကြီး "
" Tae ပျော်လား"
" အင်း အရမ်းချစ်တယ် Jungkook.."
ကုန်းအနိမ့်အမြင့်လေးတွေကိုဖြတ်ကျော်ကာ နင်းလို့လာပြီး ပဲပန်းခင်းကြီးနားအရောက်..
" Tae နောက်နေ့အလုပ်နားရက်ကျရင် ဒီကိုလာကြမယ် "
" အင်း အရမ်းလှတယ်နော် "
" မင်းလောက်မလှဘူး Tae "
"ဟီးဟီး ခင်များကလည်း "
....🐰🐯
အလုပ်ရောက်တော့ အနီးအနားက အဘိုးအဘွားတွေနေတဲ့ အပင်ကြီးအောက်ကကွက်ပြစ်လေးမှာ Tae တို့ထိုင်ခိုင်းထားပြီး သူကတော့ ငါးစက်ရုံထဲ သဘော်ကနေသယ်လာတဲ့ ငါးတွေကို ကားပေါ်ကနေတောင်းနဲ့ပြန်ထမ်းသယ်ကာ စက်ရုံထဲသို့ပို့ရသည်..
Jungkook ပင်ပင်ပန်းပန်းလုပ်နေတာတွေကိုမြင်တော့ Tae တယောက် ကြည့်ရင်းငိုကာ Jungkook နားကိုပြေးလို့သွားတော့ Jungkook မှာရေတွေနဲ့ ချော်လည်းမှာဆိုးလို့ သယ်လို့ထားတဲ့ ငါးတောင်းကိုချကာ Tae စီ အရင်ရောက်အောင်ပြေးလို့သွားကာ တားလိုက်ရသည်..
"Jungkook "
"Tae ဘာလို့ပြေးလာတာလည်း "
"ဆိုလ်းပြန်ရအောင် Jungkook "
" ဘာလို့လည်း ငါနဲ့မနေနိုင်တော့ဘူးလား "
" ဟင့်အင်း ခင်များပင်ပန်းတာ မကြည့်ရက်လို့.. Tae ဒီနားက နာတယ် "
Tae ဟာ သူ့ရဲ့ဘယ်ဘက်ရင်ဘက်ပေါ်လက်ကလေးတင်ကာ သူအရမ်းနာကျင်ရပါတယ်လို့ပြောလိုက်တော့..Jungkook ဟာ Tae ရဲ့ကိုယ်လုံးလေးကို ဆွဲဖတ်ကာ..
" ငါကယောကျား ဒီလောက်ကအေးဆေးပဲ မင်းသာလိမ်လိမ်မာမာလေးထိုင်နေ ထပ်ပြေးမလာနဲ့ ချော်လဲလို့ မင်းတခုခုဖြစ်သွားတာမျိုးမလိုချင်ဘူး ကြားလား Tae "