ဒီနေ့မှာ ထူးထူးဆန်းဆန်း workshop ရုံကိုရောက်လာပေမယ့် အရင်လို အနားလာပြီးမနှောက်ယှက်တော့ပဲ အဝေးတနေရာက ထိုင်ခုံမှာသာ ထိုင်ပြီးတချိန်လုံး မျက်စိဒေါက်ထောက်လိုက်ကြည့်နေသည်..
အရင်လိုသာဆိုခုချိန်နားညီးလောက်အောက် အပြင်မှာတခုခုစားဖို့ခေါ်တက်တဲ့ Tae က ခုတော့ သူမဟုတ်သလို.. ထိုင်နေရင်း ဘွတ်ဖိနပ်လေးကိုချွတ်ကာ ခြေထောက်လေးတွေကိုလည်း လက်နဲ့ညစ်လို့နေသေးသည်..
အမှတ်တမဲ့ မသိမသာလေး Jungkook တယောက်လှမ်းလှမ်းကြည့်မိချိန် တခုခုအဆင်မပြေသလိုဖြစ်ဖြစ်နေတဲ့ မျက်နှာလေး..
အစကတော့ မသိချင်ယောင်ဆောင်လိုက်ပြီးနေလိုက်ပေမယ့်.. တနေကုန်ဒီပုံစံတိုင်းထိုင်နေတော့မှာလားဆိုတာသိချင်တာကြောင့် လုပ်လက်စကို ချကာ အနားသို့သွားလိုက်တဲ့ Jungkook..ဘာများဖြစ်နေတာလည်းဆိုတာသိချင်တာကြောင့်လည်းပါသည်..
" မင်းမပြန်ဘူးလား "
သူပြောလိုက်တော့ မော့ကြည့်လာတဲ့ မျက်နှာလေးက မဲ့တဲ့တဲ့..
" ဘာဖြစ်နေတာလည်း "
" ပြောရင် ကူညီမှာလား "
" ဘာမဟုတ်တာတွေ ဉာဏ်များပြန်ပြီလည်း "
Jungkook က သူ့ကိုဉာဏ်များပြန်ပြီလားဆိုတဲ့ပုံပြောတော့ ဖြစ်သွားတဲ့ မဲ့တဲ့တဲ့ မျက်နှာလေးနဲ့ ဆူအောင့်အောင့်အသံလေးနဲ့ပြောလာတဲ့ Tae..
" ဒီတခါအတည် "
" ပြောဘာလည်း "
Jungkook စီက ပြောဆိုတဲ့ စကားလည်းကြားရော အရောင်တောက်လို့သွားတဲ့ Tae မျက်ဝန်းလေး.. Jungkook ကို သူနားတိုးလာဖို့ လက်ယှက်ခေါ်လိုက်တော့ ခါးကိုကုန်းကာ နားထောင်လိုက်တဲ့ Jungkook
" Tae ကို တခုခုဝယ် ကျွေးပါလား "
Jungkook ဟာ Tae ပြောတဲ့စကားကိုသူနဲ့ အပြင်မှာ တခုခုစားချင်လို့ဉာဏ်များပြန်တာလို့ထင်ကာ ဟားတိုက်ရယ်လို့ထွက်သွားဖို့လုပ်တော့ Jungkook ရဲ့ စွပ်ကျယ်အကျီစကို လက်မနဲ့ လက်ညိုးလေးဖြင့်သာ ဖွဖွလေး လှမ်းဆွဲလိုက်တဲ့ Tae..
" Tae တကယ်ပြောနေတာ Tae ခုဗိုက်အရမ်းဆာနေလို့ အဲ့တာ Tae ကိုတခုခုဝယ်ကျွေးပါလား "