12

8K 489 18
                                    

Taehyung ဟာ Jungkook ရဲ့ ညီမလေးစီ ဒုတိယအကြိမ်ရောက်လို့လာပြန်သည်..တခန်းလုံးမှာရှိတဲ့ သက်ကြီးရွယ်အိုတွေအတွက်ပါမုန့်တွေဝယ်လာပေးပြီး Jungkook ရဲ့ညီမဖြစ်သူကိုပါ ဂရုစိုက်ပေးဖို့သူကမှာရှာသည်..တခုခုဆို သူစီဖုန်းဆက်ဖို့ပါပြောထားသေးတာ..

" ကိုကို ညီမလေးစီ လာလည်တာလား "

" အင်းဟုတ်တယ် ညီမလေးကို သတိရလို့လေ ကိုကို က ညီမလေးလို ညီမလေးလိုချင်တာ ဒါပေမယ့် ကိုကို မေမေက ကိုကိုမွေးပြီးထဲကဆုံးသွားတော့ ကိုကိုက ကိုကိုမေမေကိုတောင်မမြင်ဘူးလိုက်ဘူး "

" ဟုတ်လား စိတ်မကောင်းဖြစ်ပါနဲ့ကိုကိုရဲ့ ညီမလေးလည်း ကိုကိုလိုပါပဲ ညီမလေး 4 နှစ်သမီးထဲက ဖေဖေနဲ့မေမေက ကားတိုက်မှုကြောင့် ဆုံးသွားတာ "

Junghee လေးက Tae ရဲ့လက်ကလေးကို ဆုတ်ကိုင်ကာနှစ်သိပ့်ပေးတော့ Tae ကလည်း Junghee ရဲ့ လက်ကလေးကိုပြန်လည်ဆုတ်ကိုင်ထားလိုက်ပြီး ခေါင်းလေးကိုလည်းပွတ်လို့ ပြန်နှစ်သိမ့်ပေးသည်..

" ဟုတ်လား ဒါဆို ညီမလေးက ကိုကိုညီမလေးလုပ်မလား "

" ဟင့်အင်း ကိုကိုဆူလိမ့်မယ် "

" ဟင် Jungkook ကလား "

အမှတ်တမဲ့ပါးစပ်ကယောင်ပြီးထွက်လို့သွားကာ အချိန်မှီပါးစပ်လေးကိုပိတ်လိုက်ပေမယ့် junghee လေးကသိလို့သွားတော့ သွားလေးစိကာရီပြလိုက်တဲ့ Taehyung..

" ဟင် ကိုကို က ကိုကို ကိုသိတယ်ဟုတ်လား အဲ့တာကြောင့်ကို ဟိုတခါက ကိုကိုလာသွားတယ်ပြောတာကို ကိုကိုပုံစံကိုသေချာပြောပြီးမေးသွားတာကို...ကိုကိုနဲ့က သူငယ်ချင်းလား "

" အင်း မရင်းနှီးတဲ့ သူငယ်ချင်း "

" အော် ဘယ်လိုကြီးလည်း ဒါပေမယ့် သူငယ်ချင်းပဲပေါ့.. ကိုကို ညီမလေး အပြင်ခဏထွက်ချင်တယ် လိုက်ပို့ပေးမလား "

" အဝေးကြီးမရဘူးနော် Jungkook သာ သိရင် ကိုကို ဆူခံရမှာ "

" ကိုကို က ကိုကို ကိုလည်းနိုင်တာပဲလား ဟွန့် သူ့ကိုပဲကြောက်နေရတယ် ညီမလေးက ပင်လယ်ကြည့်ချင်လို့ ကိုကို လိုက်ပို့ပေးပါလားဟင် တခါလောက်တော့ ရောက်ဘူးချင်လို့ပါ TV ထဲမှာ ပြနေတာ အရမ်းလှတာပဲ ဘူဆန်က ကမ်းခြေက "

Vody (complete) Where stories live. Discover now