7

7.4K 559 31
                                    

Tae ဟာ မနက်ပိုင်းကျောင်းနေ့တဝတ်တက်ကာ ကျောင်းကနေ Jungkook ရှိရာ workshop သို့ရောက်လာပြန်သည်..

သူဟာ တနေ့မှ Jungkook ကို မတွေ့ရတော့တဲ့ အခြေအနေကိုဖြစ်နေသည်..အကြောင်းအမျိုးမျိုးပြကာ workshop ကို ရောက်လာတက် ကာ workshop က လူတွေနဲ့တောင်အတော်လေး ရင်းနှီးလို့နေပြီ..အခုလည်း ကြက်ကြော်တွေဝယ်လို့ရောက်လာပြန်တဲ့ Tae..

" ဟာ Taehyung ရောက်လာပြန်ပြီ "

" ဦးလေးကြီးရော့ ဦးလေးကြီးတို့စားဖို့ ဒါနဲ့ Jungkook ရော "

ဦးလေးကြီးရဲ့ လက်ညှိးညွှန်ရာကိုကြည့်လိုက်တော့ ကားအောက်ထဲ ဝင်လို့နေကာ ကိုယ်တပိုင်းသာ အပြင်ထွက်လို့နေတဲ့ Jungkook..Tae လည်းJungkook နားကိုသွားကာ ထိုင်လိုက်သည်.

" Jungkook ကျွန်တော် ကြက်ကြော်ဝယ်လာတယ် ခင်များကြိုက်တယ်လို့ ဦးလေးကြီးက ပြောတယ် လာစားပါလားဟင် "

တဖက်ကတော့ အကြောင်းပြန်စကားတောင်မလာ အလုပ်သာလုပ်မြဲလုပ်နေဆဲပင်..Tae လည်းပြောမရတာနဲ့ အနားကနေထွက်သွားကာ ကားwork shop က လူတွေနဲ့တူတူ ထိုင်ကာ စကားတွေပြောရင်း တူတူစားနေလိုက်သည်..

ခဏအကြာ ကားအောက်က ထွက်လို့လာတဲ့ Jungkook..workshop ရုံကလူတွေနဲ့တူတူထိုင်နေသလို စကားတွေပြောရင်း ရီမောနေတာ
ကြောင့် တချက်လှမ်းကြည့်ကာ မျက်မှောင်ကျုတ်ကာ လှည့်ထွက်သွားသည်..

ညနေလောက်မှာ ကားပြင်ဖို့ရောက်လို့လာတဲ့ ကားတစီး ကားပေါ်ကဆင်းလို့လာတဲ့ အမျိုးသမီး ခက်လှလှ..

ထိုအမျိုးသမီးဟာ Jungkook နားကိုသွားပြီး ကားအကြောင်းပြောနေတာက အရမ်းရင်းနှီးတဲ့ပုံ Jungkook ကလည်းဖော်ရွေစွာ စကားပြောတာထက်ကို ပိုလို့နေသည်..အခြားသူတွေနဲ့ ထိုင်ကာစကားပြောနေရင်းလှမ်းကြည့်နေတဲ့ Tae..

" ဘယ်သူလည်း အဲ့တာ "

" အဲ့တာ ဒီမှာ ကားပြင်နေကြလေ Jungkook နဲ့တော့ တော်တော်ရင်းနှီးတယ် "

" ဟုတ် "

သူကိုကျရင်တော့အဖတ်တောင်မလုပ် ခုလိုကျ ပြုံးနေလိုက်တာများပါးစပ်က နားရွက်တပ်ချိတ်တော့မယ်ပုံစံဖြစ်လို့နေရုံတင်မက သူလာတာကိုအဖတ်မလုပ်တဲ့အပြင် သူသူများတွေနဲ့စကားပြောနေတာကိုတောင် တချက်ကြည့်ပြီးပြန်လှည့်သွားတဲ့ Jungkook ကြောင့် Tae ဟာ သူ့ရဲ့ပြိုင်ကားလေးပေါ်ပြန်တက်သွားပြီး ကားကို အရိုန်နဲ့မောင်းကာထွက်သွာသည်.

Vody (complete) Where stories live. Discover now