32

5.9K 340 18
                                    

မဂ်လာခန်းမကြီးရဲ့အလည်စင်မြင့်ပေါ်မှာ အနက်ရောင် suit ဝမ်းဆက်နဲ့ရပ်လို့နေတဲ့ သတို့သား..

အဖြူရောင်နှင်းဆီပန်းတွေဖြန့်ကျဲထားတဲ့ လျှောက်လမ်းတလျှောက် အဖေဖြစ်သူရဲ့လက်ကိုချိတ်ကာ ဝင်လို့လာတဲ့ ချစ်စရာခက်ဆိုးဆိုး သတိုးသားလေးက ဘာတွေအလိုမကျပြန်လည်းမသိ ခန်းမထဲဝင်လာတဲ့ မျက်နှာလေးကဆူပုတ်လို့နေသည်..

ဒီလိုပျော်ရမယ့် အချိန်မှာ အဖေဖြစ်သူရဲ့လက်ကိုချိတ်လို့လမ်းလျှောက်လာတာဘာတွေအလိုမကျလို့များဒီလောက်ဆူပုတ်နေကတာလည်းလို့သိချင်နေတဲ့ Jungkook..

အပါးဖြစ်သူဟာ သမက်ဖြစ်တော့မယ် Jungkook လက်ထဲ သားဖြစ်သူရဲ့လက်ကိုလွှဲပြောင်းပေးခါနီး ..

" Jungkook မင်းရဲ့သတိုးသားမျက်နှာကိုလည်း
ကြည့်အုံး "

" Tae ဘာဖြစ်လို့ မျက်နှာလေးက ဆူပုတ်နေရတာလည်း "

" မဂ်လာကားကို အပါးက Tae ပြိုင်ကားနဲ့ မလုပ်ပဲ အပါးရဲ့ မာစီဒီးကြီးနဲ့ အလှဆင်ထားတယ်တဲ့ Tae မှ အဲ့ကားကြီးမကြိုက်တာ "

" အော်အဲ့တာကြောင့်လား "

" ဟုတ်တယ် Tae က မဂ်လာဆောင်ပြီးပြန်ရင် အမိုးပွင့်ကားနဲ့ပြန်ချင်တာ မရဘူး အဲ့ကားမှမဟုတ်ရင် ဒီနေ့တနေကုန်မဂ်လာခန်းမထဲကမထွက်ပေးဘူး"

" ဟာဘာလို့အဲ့လောက်ရစ်ရတာလည်းကွာ အကုန်စီစဥ်ပြီးနေပြီကို "

" ဘာလည်း ကိုယ်ကပါ အဲ့လိုလား ပြီးရောလေ ခင်များလည်း ကျွန်တော်ကို တကယ်မချစ်ဘူး အပါးလည်း သားကို မချစ်ဘူး"

စင်မြင့်ပေါ်မှာ ခေါင်းခြင်းဆိုင်တိုးတိုး တိုးတိုးနဲ့ ငြင်းခုန်နေကြတဲ့ သူတို့သုံးဦးကို အောက်ကပရိတ်သတ်တွေနားမလည်စွာ..

သူတို့သုံးဦးရှေ့ ဖာသာမှာလည်းဘာလုပ်လို့လုပ်ရမလည်းမသိ ကျမ်းစာအုပ်ကြီးကိုင်လို့..

Tae ဟာ လက်ထဲကပန်းစီးကို Jungkook လက်ထဲ ထိုးပေးကာ သူတို့နှစ်ယောက်ရှေ့ကနေလှည့်ထွက်သွားဖို့လုပ်တော့ Jungkook မှာ Tae ရဲ့လက်ကလေးကိုပြန်ဆွဲထားကာ..

" Tae အဲ့လိုမဆိုးရဘူးလေကွာ ဥက္ကဌကြီး ကျွန်တော်ကပဲတောင်းဆိုပါရစေ မဂ်လာပွဲမပြီးခင်စီစဥ်ပေးလို့ရမလား ခင်ဗျ "

Vody (complete) Where stories live. Discover now