10

9K 517 18
                                    

Taehyung ဟာ ဟိုနေ့ကကိစ္စပြီးထဲက Jungkook စီမလာတာ တပတ်ကျော်ခဲ့ပြီ Jungkook လည်း သူစီရောက်မလာတာသိနေပေမယ့် ဒီတိုင်းမသိသလိုသာနေနေလိုက်သည်. အလုပ်ကလူတွေကတော့ ကားတိုက်မှုနဲ့ Jungkook နဲ့ Taehyung စကားများသွားတာကြောင့်မလာဘူးပဲထင်နေကြသည်..

မဂ္ဂဇင်းစာအုပ်တအုပ်ကိုကိုင်လို့ အနားကိုရောက်လို့လာတဲ့ အလုပ်ထဲက အသက်ကြီးဆုံး workshop ဆရာ..

Jungkook နားကိုရောက်တော့ ကားပေါ်ပြစ်တင်ပေးလိုက်တဲ့ ထိုစာအုပ်.. jungkook ဟာ နားမလည်စွာ ပခုံးလေးပင့်လို့ ဘာလည်းဆိုတဲ့ပုံစံမေးလိုက်သည်..

" ကြည်ထား အဲ့တာ မင်းယောက္ခထီးဖြစ်လာမယ့်သူပဲ "

" ဘာကိုလည်း "

Jungkook ဟာ မဂ္ဂဇင်းစာအုပ်ကိုကိုင်ကာ မျက်နှာဖုံးကိုမကြည့်သေးပဲ ရှေ့ကပြောနေတဲ့သူရဲ့စကားကိုနားမလည်စွာပြန်မေးလို့နေသည်..

"ကြည့်လိုက် အဲ့တာ Kim Taehyung ရဲ့ အဖေ Kim Group ရဲ့ ဥက္ကဌကြီး Kim Namjoon "

" Kim Namjoon "

Jungkook ဟာ နာမည်ကိုတလုံးခြင်းတိတ်တိတ်လေးရေရွတ်လိုက်ပြီး မျက်နှာဖုံးက ဓာတ်ပုံကိုကြည့်ကာ လက်ထဲက စာအုပ်ကိုကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ထားမိသည်..

" တွေ့လား အဲ့တာ မင်းယောက္ခထီးဖြစ်လာမှာ "

Jungkook ဟာ သူ့ရှေ့က ဦးလေးကြီးကို ပြုံးပြလိုက်သည်.ထိုအချိန်အနောက်ကရောက်လို့လာတဲ့ Taehyung..

ဦးလေးကြီးရဲ့ မျက်စပစ်ကာပြောလိုက်တာကြောင့် Jungkook ဟာ အနောက်သို့လှည့်ကြည့်လိုက်ချိန် ပါးပြင်ပေါ်ရောက်လို့လာတဲ့ ရိုက်ချက်.

ဖြောင်း

Vody

...

Jungkook တယောက် အလုပ်ပြီးချိန်ညနေပိုင်းမှာ သူ့ရဲ့ အကြွေးရှင်တွေစီထွက်လာခဲ့သည်..
အကြွေးရှင်တွေရှိရာ တရုတ်တန်းဘက်ရောက်တော့ ဆိုင်တဆိုင်ရဲ့ မြေအောက်ခန်းသို့ဝင်လာခဲ့ကာ ဖဲဝိုင်းတွေကိုကျော်ဖြတ်လာပြီး နောက်ဆုံးအခန်းတခုထဲဝင်လာခဲ့သည်.

"ရော့ ခင်များလိုချင်တဲ့ပုံတွေ "

စားပွဲခုံပေါ်ပြစ်တင်ပေးလိုက်တဲ့ စာအိတ်တလုံး.. ထိုစာအိတ်ကိုဖွင့်ကြည့်ကာ လူယုတ်မာပြုံးပြုံးလိုက်တဲ့ အကြွေးရှင်..

Vody (complete) Where stories live. Discover now