5

7.5K 519 14
                                    

Taehyung ဟာ ကျောင်းပိတ်ရက်ကြောင့် အိပ်ရေးဝဝအိပ်လို့ 10နာရီလောက်မှ အိပ်ယာထကာ အိမ်ယာပေါ်လက်ကိုဆန့်လို့ အပျင်းကြောဆန့်နေရင်း ကုတင်ဘေးမှာ ရပ်လို့နေတဲ့ အဖေဖြစ်သူကြောင့် လန့်သွားရသည်..

" အောင်မလေး လန့်လိုက်တာ အပါးးးး ဘာလို့အမြဲအဲ့လိုလုပ်နေရတာလည်း "

" ရေမိုးချိုး အဝတ်အစားလဲပြီးဆင်းခဲ့ သေချာဝတ်ခဲ့ ဖယိုဖရဲတွေမမြင်ချင်ဘူး Hoodie နဲ့လာတာလည်း မမြင်ချင်ဘူး "

" suit အပြည့်ဝတ်ခဲ့လို့ပြောနေရင်ပြီးနေပြီဟာကို "

" အေး ငါပြောရင် မင်းက ဘာဖြစ်တယ်ညာဖြစ်တယ်ပြောမှာလေ မင်းအသိစိတ်ဓာတ်နဲ့ မင်းဝတ်အောင်ပြောနေရတာ "

" ဘယ်သွားမလို့လည်း "

" သားဖခြင်းပွင့်ပွင့်လင်းလင်းပဲပြောတော့မယ် "

" ရပါတယ် သားက ဗွေမယူပါဘူး ပြော "

" အော်ဟုတ်ကဲ့ အပါး သားပြောပါ့မယ် ငါလုပ်လိုက်လို့သေတော့မယ် "

" ဟီးဟီး "

"ငါ့ရဲ့ ငယ်ချစ်ဦးနဲ့ သွားတွေ့မလို့ ရှင်းရှင်းပြောရရင် မင်းအတွက်... "

မိထွေးဆိုတာမပြောခင်မှာပင် အိပ်ယာပေါ်ကောက်ထလိုက်တဲ့ Taehyung.. ကုတင်ပေါ်ကဆင်းကာ အဖေဖြစ်သူကိူကျောခိုင်းလို့ သူလုံးဝသဘောမတူနိုင်ကြောင်း စတင်ငြင်းခုံပါတော့သည်..

" မဖြစ်နိုင်ဘူး အပါး.လုံးဝဘက်မခံနိုင်ဘူး."

" မင်းလက်မခံလည်း ငါကစီစဥ်ပြီးပြီ "

" အပါးးးး သားအတွက်မိထွေးဆိုတာမလိုချင်ဘူး! !!"

" မိထွေးမဟုတ်ဘူး "

" ဟားး မိခင်အရင်းမဟုတ်တာကို မိထွေးလို့မပြောလို့ ဘာလည်းပထွေးလား "

" ဟုတ်တယ် "

အဖေဖြစ်သူရဲ့အဖြေကြောင့် Taehyung တယောက်ပါးစပ်အဟောင်းသား..

" ငါ့ရဲ့အချစ်ဦးက Kim seokjin ဆိုတဲ့ အမျိုးသားတယောက်ပဲ "

" အပါးး "

" မင်းသဘောမတူလည်း ငါက Jin ကိုရအောင်ယူမှာပဲ အဲ့တော့ မင်းသဘောတူတူ မတူတူလိုက်ခဲ့ မလိုက်ချင်လည်းနေခဲ့ ငါလက်ထပ်တဲ့နေ့မင်းတွေ့ရမှာပေါ့ "

Vody (complete) Where stories live. Discover now