2

9.5K 542 24
                                    

ပုံမှန်မနက်ခင်းတိုင်းက Kim Taehyung အတွက် ခြေလှမ်းတိုင်းက ကျောင်းသို့သာ.. ဒီနေ့မှာတော့ Kim Taehyung ရဲ့ ဦးတည်ချက်က အခြားနေရာသို့ပြောင်းလို့သွားပြီ..မနက်စောစော ကား workshop သို့ရောက်လို့လာတဲ့ Tae..

အမိုက်စားနောက်ဆုံးပေါ်ကားကြောင့် workshop ရုံက အလုပ်သမားအားလုံးကလည်းထိုကာကိုမျက်စိ ကျနေသလို..သူဌေးဖြစ်သူကလည်း ရုံးခန်းထဲကနေ ထိုကားလေးရပ်လိုက်ထဲကအပြေးဆင်းလို့လာသည်.

ဒီလိုကားမျိုးဟာ တကယ်သူဌေးတွေသာစီးနိုင်တာကြောင့် သူ့workshop ကိုရောက်လာတယ်ဆိုထဲက သူ့အတွက်က ကောင်းချီးမဂ်လာတပါးအလား မျက်နှာက ပြုံးရွှင်လို့..

လက်ကလေးနောက်ပြစ်ကာရိုရိုကျိုးကျိုးကားနားကိုရောက်လို့လာတဲ့ သူဌေး..ကားပေါ်က ဆင်းလာတဲ့သူက အထက်တန်းကျောင်းသားအရွယ်ကောင်လေးဖြစ်လို့နေတာကြောင့် သေချာပြန်ကြည့်လိုက်ရတဲ့သူဌေး

" အာ Kim သူဌေးလေး မဂ်လာပါဗျာ ဘာများလုပ်ပေးရမလည်းမသိဘူး "

Kim Taehyung ဆိုတာသိသွားချိန်မှာတော့ Workshop သူဌေး မျက်နှာဟာ မှိုရတဲ့မျက်နှာအလား..ပြုံးရွှင်ကာ အမြဲကြိမ်းမောင်းနေတက်တဲ့ သူဌေးရဲ့ နှုတ်က ချိုသာသောအသံတွေထွက်လို့နေသည်..

" Jeon Jungkook ရှိလား "

" ခင်ဗျာ Jungkook လား "

" အင်း ရှိလား.ရှိမှပြင်မယ် မရှိရင်မပြင်ဘူး "

" ရှိတာပေါ့ Jeon Jungkook က ကျွန်တော်တို့အလုပ်ရုံရဲ့ ဆရာတဆူပဲလေ သူမရှိလို့မဖြစ်ဘူး ဒါနဲ့ ကားက ဘာဖြစ်လို့လည်း "

" ကားက မောင်းလာတုန်းက အကောင်းပဲ workshop ရောက်မှရပ်သွားတာ "

" ဘာလိုရပ်သွားတာလည်း သူဌေးလေး "

" စက်သက်လိုက်လို့ပေါ့ "

" ဟင် စက်သက်လိုက်တော့ ကားကရပ်မှာပဲလေ သူဌေးလေးရဲ့ မနောက်ပါနဲ့ "

ထိုအချိန်ကားနားသို့ရောက်လာတဲ့ Jungkook.
ကားရဲ့အခြေအနေကိုကြည့်ရသလောက်ကလည်းအကောင်း.. လူကသာမကောင်းဖြစ်နေတာဆိုတာသိတယ်..ဒီတိုင်းထားလို့ကလည်း မဖြစ်တာကြောင့် ဝင်ပြောလိုက်ရခြင်းဖြစ်သည်..

Vody (complete) Where stories live. Discover now