29

6.5K 407 27
                                    


ပထမနှစ်ဝက်ကိုကျောင်းနားလိုက်တာကြောင့် အစကနေပြန်တက်နေရတဲ့ Tae ဟာ Jimin တို့နဲ့အတန်းမတူတော့..သို့သော် တွေ့နေကြတိုင်း ကန်တင်းမှာစုံကြပြန်သည်...

" ဟေ့ရောင်ဘယ်လိုလည်း ကျောင်းပြန်တက်ရတဲ့အရသာ "

သူတို့စီလျှောက်လာကာ ထိုင်ခုံမှာဝင်ထိုင်နေတဲ့ Tae ကို Jimin မေးလိုက်တော့ လွယ်ထားတဲ့အိတ်လေးကိုချကာ...

" မကောင်းဘူး "

"ဘာဖြစ်ပြန်တာလည်း "

" ဒီလိုကွာ အပါးက ငါ့ကားတွေအကုန် ဂိုထောင်ထဲထည့်ပြီးသော့ခက်ခဲ့တယ်တဲ့ အဲ့တာကောင်းလားပြော "

" မင်းအပါးကဘယ်သွားလို့လည်း "

"အဂ်လန်က သူ့ချစ်ချစ်ကိုသွားခေါ်တယ်တဲ့ ပိုကိုပိုတယ် "

" မနာလိုမဖြစ်နဲ့လေ မင်းအဖေလိုချစ်တက်တဲ့ ယောကျားမျိုးရှာပေါ့ "

" တော်ပါကွာ..ငါတို့အတန်းမတူတော့ပျင်းစရာကြီးကွာ ဒီနှစ်စာမေးပွဲကျအောင်ဖြေလိုက်ကြပါလားကွာ ငါနဲ့တူအောင် "

" ပြီးရင်လင်နောက်တကောက်ကောက်ပါသွားရင် ငါတို့ကဟက်ကော့ကြီးကျန်ခဲ့အုံးမှာ ချီးတောင်မဖြေဘူးဟေ့​ရောင် "

" Dongwoo ဒီ နှစ်ကကောင်မလေးတွေလှ
တယ် "

Do " စိတ်မဝင်စားဘူး ကျောင်းပြီး အဲ့ထက်လှတာလေးတွေနဲ့တွေ့လို့ရတယ် "

" ချီးလိုကောင်တွေစိတ်ဓာတ်ပဲ ဒါပဲဟေ့ရောင်တွေသွား​​တော့မယ် "

...🐰🐯

ညနေကျောင်းဆင်းတော့ ကျောင်းရှေ့မှာစောင့်လို့နေတဲ့ Jungkook.. Tae ထွက်လာတာမြင်တော့ ကျောင်းပေါက်ဝသို့လမ်းလျှောက်သွားကာကြိုဖို့လုပ်တော့ ကျောင်းအဝမှာပိတ်ရပ်လိုက်တဲ့ ပြိုင်ကားလိမ္မော်ရောင် ကားပေါ်ကဆင်းကာ Tae ကို လက်ကလေးပြကာနှုတ်ဆက်လိုက်တဲ့ Yoongi..

"Kim Tae "

" ဟင် Tae ကိုလာကြိုတာလား "

" အင်း Jimin တို့ရော မပါဘူးလား Kim Tae တယောက်ထဲလား ဒီညကားပြိုင်ပွဲရှိတယ်လေ မသွားဘူးလား "

Tae ဟာ လက်ဖျောက်လေးတီးလို့ သူသိပ်ပျော်သွားသည်..အပါးဖြစ်သူအိမ်မှာမရှိတာကြောင့် သူအိမ်မပြန်လည်းဖြစ်သည်လေ..

Vody (complete) Where stories live. Discover now