24

6.9K 406 55
                                    

ဒီရက်ပိုင်း Tae နဲ့နေရတာ သူ့အတွက်ပျော်စရာအချိန်တွေဖြစ်နေခဲ့ပေမယ့် ခုတော့ ဝင်လာတဲ့ဖုန်း.. ညီမဖြစ်သူအရေးပေါ်ဖြစ်နေတာကြောင့် အလုပ်ကနေပဲ ဆေးရုံကို အပြေးရောက်လာတဲ့ Jungkook..

" သူနာပြုမင် ညီမလေးက "

" Jungkook Junghee လေးက နောက်ဆုံးအခြေအနေဖြစ်နေပြီ အမတို့လည်းစိတ်မကောင်းပါဘူး Jungkook ဒီဆေးပိုက်တွေသာ ဖြုတ်လိုက်ရင် Junghee လေးက ..ပြီးတော့ လေ Jungkook ဒီမှာ Junghee လေးက သူသေသွားရင် သူ့နှလုံးကို Taehyung ကိုလှူဖို့လက်မှတ်ထိုးပြီးသွားပြီ "

" ကျွန်တော်ညီမက ဘာလို့သေရမှာလည်း ဟိုနေ့ကထိအကောင်းပါ သူနာပြုမင် မနောက်ပါနဲ့ ဘာလို့လှူရမှာလည်းမလှူနိုင်ဘူး "

" Junghee က ခုဆေးနဲ့အသက်ဆွဲထားရတာ Jungkook ဆေးပိုက်ဖြုတ်လိုက်တာနဲ့ ချက်ချင်း..."

" မပြောနဲ့ ညီမလေးမသေရဘူး "

Jungkook ဟာ သူနာပြုမင်နဲ့ စကားပြောပြီး Junghee လေးနားရောက်လာကာ လက်ကလေးကိုကိုင်လိုက်တော့ မျက်လုံးလေးဖွင့်ကြည့်လာပြီး ပြုံးပြသည်..

" ကိုကို "

" ကလေးလေ "

" ကိုကို..Junghee ကိုစိတ်ဆိုးနေတာလားဟင်.."

" မဆိုးပါဘူး ကလေးလေးရဲ့ ကိုကို ကလေးလေးက ကိုကို့နားမှာ အကြာကြီးနေအုံးမှာမဟုတ်လား"

" ကိုကို Junghee လေ ကိုကို Tae ကို "

" မပြောနဲ့ မကြားချင်ဘူး လုံးဝခွင့်မပြုဘူး "

" ကိုကို Tae က အရမ်းသနားဖို့ကောင်းပါတယ်.
ကိုကို ကိုလည်းသူသိပ်ချစ်တာလို့ပြောတယ်..သူကလောကကြီးမှာ အကြာကြီးမနေရတော့ဘူးဆိုရင်တောင် သူချစ်တဲ့ကိုကိုနားမှာပဲနေသွားချင်တာတဲ့..ကိုကို ရော ကိုကိုTae ကိုမချစ်ဘူးလားဟင် "

"Junghee စကားတွေများတယ် နားတော့နော် ကိုကို့ ကလေးလေး "

"ကိုကို ကိုကိုTae ကိုမရက်စက်ပါနဲ့ ဟင့် "

သူနာပြု "Jungkook Junghee လေးပြောတာလက်ခံပေးပါ ဒါသူ့ရဲ့နောက်ဆုံးဆန္ဒလေးလေကွယ် "

Jungkook ဟာ သူနာပြုမင်ပြောတာကိုလက်မခံနိုင်စွာ သူညီမဖြစ်ရတာ Tae ကြောင့်ပဲလို့ ဆိုပြီး အိမ်သို့ပြန်လာခဲ့သည်..

Vody (complete) Where stories live. Discover now