Final 🥕🍑

14.4K 390 30
                                    

( SE လို့ပြောထားပါတယ်နော် )

😭

ညနေအလုပ်ကပြန်လာတဲ့ Jungkook..အိမ်ရှေ့မျက်ခင်းပြင်ပေါ် ရေပိုက်တခုနဲ့ ဆော့လို့နေတဲ့ Tae.. ရာသီဥတုဒီလောက်အေးနေတာကို ရေပိုက်ကို အပင်တွေကိုရေလောင်းတာမဟုတ်ပဲ သူ့ကိုသူရေဖြန်းနေသလို တကိုယ်လုံးစိုရွဲလို့နေသည်..

ဝတ်ထားတဲ့အဝတ်အစားကလည်း Tshirt အဖြူအပါးလေးကြောင့် ရေစိုနေချိန် အတွင်းရဲ့ခန္တာကိုယ်ကောက်ကြောင်းလှလှလေးအထင်းသား..

ဘေးမှာလည်းအိမ်တွေရှိတာကြောင့် သူ့ရဲ့အလှတရားလေးကို တယောက်ယောက်များခိုးကြည့်နေမလားဆိုတဲ့ အတွေးနဲ့ ခြံထဲဝင်လာထဲက ကားပေါ်ကနေလှမ်းကြည့်နေပြီး ခေါင်းကြီးတခုထဲ ကြီးသွားသလို Jungkook မှာ တရှုးရှုးတရှဲရှဲ နဲ့ ကားကို မြန်မြန်ရပ်ကာ ရေဆော့နေတဲ့တယောက်သောသူအနားကိုရောက်လို့လာသည်..

" Kim Taehyung!!! "

" အားးလန့်လိုက်တာ ဘာလည်း ဘာလို့ အဲ့လောက်အော်ရတာလည်း!!!!"

Jungkook တယောက်ခါးကြီးထောက်လို့မေးလိုက်သည်..

" ဘာလုပ်နေတာလည်း "

" ပန်းပင်ရေလောင်းနေတာလေ "

" ဘယ်ပန်းလည်း မင်းရဲ့ပန်းလား "

Jungkook ဟာ Tae ရဲ့အောက်ပိုင်းကိုလက်ညိုးထိုးပြလို့မေးလိုက်တော့ ရေပိုက်ပစ်ချကာ လက်ကလေးနှစ်ဘက်နဲ့ရှေ့သို့ကွယ်လိုက်တဲ့ Tae..

" ဘာ!!!"

" ဒီလောက်ပါးလွှာနေတဲ့ အကျီဝတ်ပြီးရေထွက်ဆော့တာဘာလည်း သူများအကြည့်ခံချင်နေတာလား "

ဝတ်ထားတဲ့ ကုတ်အကျီကိုချွတ်ကာ သူရဲ့အလှတရားလေးကို ခြုံပေးနေတဲ့ Jungkook..

" ဒီလောက်ခြံအမြင့်ကြီး ဘယ်သူကကြည့်မှာလည်း"

" ဘေးအိမ်မှာလူမရှိလို့လား "

" ရားး Jeon Jungkook လာအူတိုမနေနဲ့ ဘာမှမဖြစ်ဘူး "

" တိုတယ်တိုတယ် မွေးထဲကတိုတာ "

" ကျွန်တော်သိသလောက်တော့ မတိုပါဘူးခင်များကလည်း "

Tae ဟာ Jungkook ရဲ့ အရာကိုမျက်စပျစ်ကာပြောလိုက်တော့ Jungkook မျက်မှောင်ကြီးကျုတ်လို့..

You've reached the end of published parts.

⏰ Last updated: Nov 04, 2023 ⏰

Add this story to your Library to get notified about new parts!

Vody (complete) Where stories live. Discover now