6

7.5K 536 25
                                    

Jungkook ဟာ အလုပ်ခွင့်ရက်ရသလို လခလည်းထုတ်လာတာကြောင့် ညီမလေးစီ အလည်လာခဲ့သည်..ငွေရေးကြေးရေးပြေလည်တာမဟုတ်တာကြောင့် သူနေတဲ့မြို့ပေါ်မှာ ဆေးရုံမတင်နိုင်တာကြောင့် နယ်မြို့မှာသာ ဆေးရုံတင်ထားရသည်..

နာတာရှည်ရောဂါသည် ညီမလေးကြောင့် မိဘမရှိတော့တဲ့ သူတို့မောင်နှမအဖို့ အသက်ငယ်ငယ်နဲ့ ကျောင်းထွက်လို့ ကားပြင်တဲ့ပညာကိုသင်ခဲ့ကာ ခုဆိုရင်တော့ တော်တော်လေးအောင်မြင်နေလို့ ရတဲ့လခကလည်း နယ်မြို့က ဆေးကုသစရိတ်ကို အလျင်းမှီအောင်တော့ထောက်ပံ့နိုင်သည်..

ဆေးရုံခန်းထဲဝင်လိုက်တော့ ညီမဖြစ်သူရဲ့ ကုတင်ဘေးမှာ အရုပ်လေးတရုပ်နဲ့ ပန်းခြင်းတခြင်း
ဒါကလည်းအလှူရှင်တွေလာလို့ရတယ်ပဲအထင်နဲ့ အရုပ်လေး ကိုကိုင်ကာ..

" အလှူရှင်တွေလာသွားပြန်ပြီလား.ကလေးလေး "

" ဟင့်အင်း ကိုကို အဲ့တာ ကလေးလေးကို ချစ်လို့ဆိုပြီး ကိုကိုတယောက်က ပေးသွားတာ "

" ဘယ်က ကိုကိုလည်း ဘာလို့ချစ်ဖို့ကောင်းတယ်ပြောရတာလည်း သူများပေးတာမယူရဖူးလို့မှာထားတယ်မဟုတ်လား "

ညီမဖြစ်သူဟာ အသက် 18 အရွယ် အပျိုပေါက်လေးဖြစ်တာကြောင့် အခြားမသိတဲ့ ယောကျားလေးတယောက်က ဘာကြောင့်ပေးမှန်းမသိတာလို့ထင်ကာ ညီမဖြစ်သူကို အူတိုကာ စိတ်မချခြင်းများစွာနဲ့ဆူလိုက်တော့

" ဟင့် အဲ့ကိုကို က ကလေး တယောက်ထဲကိုပေးတာဟုတ်ဘူး အခန်းထဲက သူတွေအကုန်ပေးတာ "

Jungkook ဘေးဘီကြည့်လိုက်တော့ တခန်းလုံးက အသက်ကြီးပိုင်းတွေဖြစ်တာကြောင့်ဘယ်သူမှအရုပ်မရှိပေမယ့် ဘေးက လူကြီးတွေက Jungkook ကိုဝိုင်းဖြောင်းဖြကြပါတယ်..

" သားရယ် အဒေါ်တို့လည်းရှိပါတယ် မင်းညီမလေးက အဒေါ်တို့ရဲ့သမီးလေးပါပဲ မဟုတ်တာဆို အဒေါ်တို့ကခွင့်ပြုထားမလားကွဲ့ လာတဲ့က​လေးလေးကလည်း ယောကျားလေးဆိုပေမယ့် မိန်းကလေးတောင်အရှုံးပေးရအောင်ချစ်စရာလေးကွဲ့ သူဌေးသားလေး ဖြူဥနေတာပဲ တကယ်စိတ်ရင်းကောင်းတဲ့ကလေးလေးပါ.. အဒေါ်တို့ကိုမုန့်တွေရော ပိုက်ဆံပါကန်တော့သွားသေးတာ "

Vody (complete) Where stories live. Discover now