Promise 1

4.4K 173 62
                                    

" ဟော ~~~မိုးတွေရွာနေပြန်ပြီ "

"သိပ်သဘောကျတယ်မလား ကလေးက မိုးတွေဆို သဘောကျတယ်‌လေ ဒါမယ့် မိုးခြိမ်းသံတွေကိုတော့ကြောက်တယ်ဟုတ် "

တိတ်ဆိတ်ပြီးမှောင်မဲနေတဲ့အခန်းလေးထဲ မီးအိမ်လေးနှစ်လုံးကသာ အလင်းရောင်ဖျော့ဖျော့ကိုပေးနိုင်တယ် လိုက်ကာတွေဆွဲဖယ်လိုက်တဲ့ သူက အခန်းမှောင်ကြီးကိုအလင်းတွေဖြစ်ထွန်းစေတယ် အခန်းထဲက မီးတွေလဲ ဖွင့်လိုက်တယ် စကားတွေပြောရင်း လမ်းလျှောက်ပြီးအလုပ်တွေလုပ်သိမ်းဆည်းစရာရှိတာတွေ သိမ်းဆည်းနေတဲ့သူ အေးစက်လွန်းတယ်ထင်ရပေမယ့် သိပ်ကြောက်ဖို့လဲ ကောင်းနေပြန်တယ်

အလိုမတူစွာ လိုက်ကာ ကြီးရဲ့တစ်ဖက်မှန်နံရံကြီးအပြင်ကမိုးစက်တွေကို ကုတင်ပေါ်စောင်‌ပုံကြီးထဲကနေငေးနေတဲ့ကောင်လေးကိုမေးခွန်းတွေဆက်တိုက်မေးပြီးစကားတွေပြောနေခဲ့တယ် သို့သော်လဲ ထိုကောင်ငယ်လေးက စောင်ပုံကြီးထဲကနေ တစ်ခွန်းမျှပြန်တုံ့ပြန်မ နေခဲ့ပါ ထို့နောက်ခြောက်ကပ်နေတဲ့အာခေါင်သံအက်အက်နဲ့တစ်ခွန်းချင်းထွက်လာတာက

"အိမ် ~~ကို လွမ်းတယ် "

"ဘာ "

"အိမ်က လူတွေကိုလွမ်းတယ် အိမ်ပြန်ချင်တယ် ပြီးတော့ ......ခင်များနဲ့ မနေချင်ဘူး "

တစ်ဖက်လူက ကောင်ငယ်လေးရဲ့စကားစုကြောင့် ခက်ထန်သွားပြီး အံကိုတင်းတင်းကြိတ်ကာ လက်သီးကိုတင်းနေအောင်စုတ်ထားတယ် မေးကြောတွေထောင်ထနေကာ အကြည့်တွေက ကြောက်စရာအတိ စောင်ကြားထဲက ကောင်ငယ်လေးကဖြင့် တုတ်တုတ်မျှမလှုပ်အပြင်ဘက်ကိုသာငေးမြဲငေးနေခဲ့တယ်

"ဘာပြောတယ် "

"ကြားတဲ့အတိုင်းပဲလေ "

"အဲ့လိုအပြောမျိုးထပ်မထွက်မိစေနဲ့ ရော့ ဒါကိုစား "

"ဟင့်အင်း "

"ရော့ စား မင်းစားမှဖြစ်မှာဝမ်ရိပေါ် "

ခြောက်ကပ်နေတဲ့ ပါးစပ်ကို အတင်းညစ်ကာ ဖွင့်စေပြီး ဆန်ပြုတ်တွေ ခွံ့သည် ရုန်းကန်နေတာကြောင့်ဖိတ်တစ်ဝက်စင်တစ်ဝက်

"တောက် !! ဝမ် ရိပေါ် !! "

"အီးးဟီးး sob အငြိုးတွေမပြေနိုင်သေးဘူးလား ငါနာကျင်လှပြီ "

Promise Where stories live. Discover now