Promise 6

993 87 34
                                    

ဝမ်ရိပေါ် အပေါ်မှာရှောင်ကျန့်ကသိပ်ဆိုးပါသည် သူမကြိုက်တာတွေပဲခဏခဏ လုပ်သည် ‌သူ့ကိုစကားလုံးနာနာတွေပြောသည် ရိပေါ်ကလဲ ရှောင်ကျန့်နဲ့ဆို မလုပ်တတ်မကိုင်တတ် ကြောင်စီနေမိတာ ရှောင်ကျန့်ဆိုတဲ့လူဆိုးကောင်ကရိပေါ်ကို သိပ်စိုးမိုးလွန်းတယ်

အခုလဲ သူတောင်မမြင်ဖူးတဲ့သူရည်းစားစကားလာပြောခံရတာနဲ့ပတ်သတ်ပြီး စကားလုံးကြမ်းကြမ်း‌တွေပြောခဲ့သည် ဘာတဲ့ အပိုင်ဟုတ်လား ရိပေါ်သိပ်ရီချင်သည် ရိပေါ်က အရုပ်မှမဟုတ်တာလူ‌ဆိုးကောင်ရဲ့စကားတွေက သိပ်ကိုအစွန်းရောက်မနေပေဘူးလားအဆိုးဆုံးကလူကြားထဲ အပြောခံရတာပဲ နောက်ဆုံးမှာခံစားလွယ်တဲ့ရိပေါ်ကပဲ မျက်ရည်ကျရတာ

"ရိပေါ် အဆင်ပြေရဲ့လား "

"အဆင်ပြေပါတယ် "

"ခဏနေ ဆရာ့ကိုပြောပြီး အိမ်ပြန်ရင်ငါလိုက်ပို့မယ်လေ "

"ငါစာသင်ချိန်လွတ်သွားမှာပေါ့ "

"ဒီပုံစံနဲ့စာသင်ချင်တယ်ပေါ့ မဟုတ်လဲ တစ်ချိန်စာပဲရှိတော့တာ လေ အိမ်ပြန်နားပြီး နေ "

"အင်းပါ "

"ကြည့်ဦး ငိုထားလိုက်တာလနှာထိပ်လေးကိုရဲလို့ "

"အာ့ လီဖန်းနော် အဲ့လိုမလုပ်နဲ့ "

"လုပ်မှာပဲ "

"နာတယ်လို့ဆို "

"ဟားဟား ဟားဟား "

ဆေးပေးခန်းထဲက ကောင်လေးနှစ်ယောက် မှာ ငိုနေတဲ့ကုတင်ပေါ်က ကောင်ငယ်လေးကို ‌ထိုင်ခုံပေါ်ကကောင်ငယ်လေးက နှာထိပ်လေးကိုညစ်ကာ စနေသည် ထို့နောက်အခန်းလေးထဲ ရယ်သံများပြန့်လွင့်လို့ အခန်းရဲ့ အပေါက်ဝလေးမှာ လက်သီးဆုတ်လို့ရပ်နေသော သူတစ်ဦးကိုတော့သူတို့သတိမထားမိခဲ့

ရှောင်ကျန့်ဟာ စိတ်တိုရင်ဘာကိုဘာမှ မသိတော့သူတစ်ဦး ဖြစ်တယ် ဒါကြောင့်လဲ ရိပေါ်ကို ထိခိုက်စေတာမျိုးဝမ်းနည်းစေတာမျိုးဖြစ်တာနေမှာပါ အခုနောက်ပိုင်းဆိုကောင်လေးကသူ့ကိုတွေ့ရင်တောင်ရှောင်သွားတတ်တာမျိုးတွေရှိတယ် လီယွန်း ရဲ့ သတင်း‌ထောက်ကောင်းမှုကြောင့် အခုတော့ ကောင်လေး ရဲ့သင်တန်းရှေ့
မှာရောက်နေလေပြီ သူတောင်းပန်ကြည့်မယ်လေ
အချိန်တစ်ခုထိ ရပ်စောင့်နေရင်းမှ သင်တန်းသား‌တွေထွက်လာတာကိုမြင်ရတယ် တွေ့ပါပြီ နောက်ဆုံးမှာဖြူအုအုနဲ့ အလုံးလေး

Promise Opowieści tętniące życiem. Odkryj je teraz