Promise 20

688 66 25
                                    

ရှောင်ကျန့်ကသူ့ကိုမုန်းနေခဲ့တာ အရမ်းမုန်း‌နေခဲ့တာလား ရွေးချယ်ခဲ့တဲ့လမ်းကိုကမုန်းစေစိတ်နာစေတဲ့လမ်းကိုရိပေါ်ကိုယ်တိုင်ကရွေးလျှောက်ခဲ့တာပဲလေ ဟားဟား

အိမ်ပြန်လာတဲ့လမ်းတစ်လျှောက်ရိပေါ်ဟာငိုနေခဲ့မိတယ် သူဟာအမုန်းတွေနဲ့ထိုက်တန်တဲ့လူသား‌ပဲလေ ဘယ်တတ်နိုင်မလဲ ဆိုတော့ ချစ်ရသူရဲ့အမုန်းတွေကိုလက်ခံရုံပဲပေါ့

"သားငယ် ဘာဖြစ်လာတာလဲ "

"ငယ်လေး "

အိမ်ထဲကိုဝင်တော့ ရိပေါ်ကိုစိုးရိမ်တကြီးမေးလာတဲ့မားနဲ့ကိုကြီး ကိုကြည့်နေမိသည် ကိုကြီးကိုမြင်တော့စိတ်နာမိသည် အခုတော့ကြည့်ပါဦးသူတို့ဘဝတွေ ချစ်ရသူကိုဆုံးရှုံးရတဲ့အချိန်အကြွေးတွေပိပြီးအိမ်ကိုတောင်မနည်းပြန်ရွေးထားရသည့်အခြေနေ

"ဟားဟား ကျေနပ်လား "

"ငယ်လေး "

"မခေါ်နဲ့ sob အစကတည်းကသာ ရိုးရှင်းနေတဲ့ဘဝလေးကိုလက်ခံပေးရင် အခုလိုရှုပ်ထွေးလာမှာမဟုတ်ဘူး "

"ဘာ "

"သားငယ် အဲ့လိုမပြောရဘူးလေ "

"ကိုကြီးကိုမြင်တိုင်း အင်း ဟင့်  ကျနော့်ပင်ပန်းတယ် အတိတ်က ရှောင်းကျန့်‌အပေါ်ကိုကြီးလုပ်ရက်တွေ ကိုမြင်မိတယ် အတိတ်ကနာကျင်မှုတွေကကျနော့်ရဲ့အိမ်မက်ဆိုးလိုပဲ သိရဲ့လား အစကတည်းကသာ ကျနော့်တို့ရဲ့ဖြစ်တည်မှုကိုလက်ခံပေးရင် အခုလိုတွေထိဖြစ်လာမှာမဟုတ်ဘူး ကျနော်လဲမနာကျင်ရတော့ဘူးရှောင်ကျန့်လဲ
ကျနော့်ကိုမုန်းမှာမဟုတ်ဘူး ဟုတ်တယ်အရာရာမှာကျနော်သတ္တိမရှိခဲ့လို့ ဖြစ်ခဲ့ရတာ အချစ်ထက်မိသားစုကိုကြည့်ခဲ့လို့အခုလိုတွေဖြစ်လာရတာ အီးးဟီးးဟင့် "

ငိုယိုကာကျိယန်ကိုအော်ဟစ်လို့ပေါက်ကွဲနေသည့် ရိပေါ်ကတကယ်ပဲစိတ်ပင်ပန်းနေမှန်းသိသာလှပေသည်

ကျိယန်ဒေါသထွက်မိသည် ကိုယ့်ညီအနာဂတ်အတွက်မရေရာတဲ့လူဆိုးလိုသူကို ဖယ်ထုတ်တာမှားသွားသလား မှားတယ်ဆိုရင်တောင်ဒါဟာညီ‌ငယ်ဖြစ်တဲ့ဝမ်ရိပေါ်ကိုချစ်တဲ့စိတ်ကြောင့်ပဲ မှားခဲ့တာဖြစ်သည်

Promise On viuen les histories. Descobreix ara