Promise 8

776 94 20
                                    

ရှောင်ကျန့်ဆိုတဲ့သူက တစ်ဖက်သက်ဆန်တယ်ပဲပြောပြော ကိုယ့်ဘက်ကိုယ်ယက်လို့ပဲဆိုဆို သူမျက်စိကျပြီဆိုအဲ့အရာက သူ့အတွက်ပဲ‌ဖြစ်နေစေရမယ် ဆိုတဲ့သူမျိုး ပဲ

ရိပေါ် ဆိုတဲ့ကောင်လေးဟာ ရှောင်ကျန့်မျက်စိကျနေတဲ့ကောင်လေးဒါကြောင့် ထိုကောင်လေးကို သူ့အပိုင်ဖြစ်စေချင်တယ် သဘောကျတယ် ထိုကောင်လေးနားသူကလွဲပြီးဘယ်သူမှမရှိစေချင် ဒေါသကြောင့်ဆွဲခေါ်လာတော့ငိုမဲ့မဲ့နဲ့ကောင်လေးကသူ့ကြောင့် လက်ကောက်ဝတ်လေးတွေရဲဆွေးလို့ သန့်စင်ခန်းထဲကနံရံမှာကပ်လို့ထားတော့ သနားစဖွယ်မျက်နှာဘေးလေးနဲ့ကြည့်လာတယ်

"ရှောင်ကျန့် လွတ်"

"ဘာလုပ်နေကြတာလဲဟမ် တော်တော်ပျော်နေလား ဟမ် မင်းကို ဖြူစင်တယ်ထင်ထားတာ မင်းလဲ တူတူပါပဲ အသစ်မြင်ငမ်းငမ်းတက်ပဲ "

"ရှောင် ~~ရှောင်ကျန့် အင့် "

"ငိုတယ် မင်းကငိုတယ်ဟုတ်လား"

သူ့စကားကြောင့်ထင်ပါတယ် သူ့ကို ခေါ်ကာ မျက်ရည်များရစ်ဝိုင်းနေတဲ့ မျက်ဝန်းတို့က မယုံကြည်သလိုကြည့်လာတယ် အဲ့အကြည့်တွေကိုမုန်းလိုက်တာ

"မင်း "

"အင့် မင်းက မင်းထင်နေတာပဲပြောနေတယ် အီးး ငါက ဒီတိုင်းမုန့်ထွက်စားတာလေ မင်းကဘာလို့ငါ့ကိုလိုက်ပြီးအပြစ်မြင်နေရတာလဲ "

"ငါသဘောမကျတဲ့သူနဲ့မပေါင်းနဲ့"

"မင်းကလူအားလုံးကိုသဘောမကျဘူးလေ "

"ကျစ် မရွဲ့နဲ့ ရိပေါ် "

"🥺🥺🥺"

"မင်းလဲမင်းလုပ်ချင်တာလုပ် ငါလဲ ငါလုပ်ချင်တာလုပ်မယ် "

"ဟို ရှောင်း~~~"

လှည့်ထွက်သွားတဲ့ကျောပြင်ကျယ်ကိုငေးကာ ရိပေါ်ကဝမ်းနည်းမိတာအမှန်ပင် ရိပေါ်ဟာ တွဲလာတဲ့ တစ်လကျော်အတွင်း ရိပေါ်ဟာဘာအမှားမှမလုပ်ခဲ့ ဟုတ်သည်ရိပေါ်နဲ့သူချစ်သူဖြစ်တာတစ်လကျော်ပြီ သို့ပေမယ့်အပြင်မှာချိန်းတွေ့တာလက်ကိုင်တာနမ်းတာမျိုးမလုပ်ဖူးပေရှောင်ကျန့်ကိုယ်တိုင်ကလဲ အဲ့လိုမပြုမူပေ ချစ်သူသာပြောသည်‌နေ့တိုင်းစကားပြောဖြစ်သည်က ညပိုင်းလောက်သာ အရမ်းဒေါသကြီးတာတော့ဝန်ခံပါသည် အမြဲလဲရိပေါ်ဘာလုပ်တယ်ဆိုတာစောင့်ကြည့်နေတတ်သည် အခုလဲ ရိပေါ်အပြင်မှာမုန့်ထွက်စားရင်းမတော်တဆတွေ့ကြရာမှ တစ်မျိုးထင်ကာဒေါသထွက်သည် ရိပေါ်အဲ့လိုအချိန်ဆိုသိပ်ဝမ်းနည်းသည်ရိပေါ်မှားနေတာမှမဟုတ်တာလေ ခေါင်းအသာခါလို့ အိမ်ပြန်ဖို့သာလုပ်လိုက်တော့သည် သူထွက်လာတာလဲ ကြာပြီပဲ‌ နောက်မှပဲအခုကိစ္စကိုသေချာရှင်းပြပါတော့မည်

Promise Where stories live. Discover now