Promise- 7

792 82 16
                                    

"ရိပေါ် "

"အင်း ကျုးကျုး"

"စာမေးပွဲတွေဖြေနေပြီ "

"ဘာလဲ နင်ကနောက်ရက်ဖြေမယ့်စာမ‌ရလို့လား"

"စာမေးပွဲနောက်ကဆုံးရက်ကျရင် နင်ရှောင်ကျန့်ကိုပေးမယ်ပြောထားတဲ့ကိစ္စ "

"အာ စာမေးပွဲ‌ပြီးရင် သူနဲ့တွေ့ရတော့မှာမဟုတ်ဘူးလေ ကျောင်းလဲပိတ်ပြီဟာ ဒီရက်ထဲငါသူ့ကိုရှောင်လို့ရတယ် "

"အင်း နင်တကယ်ပဲ သူ့ကိုနည်းနည်းလေးတောင်စိတ်မဝင်စားဘူးလား "

"ငါအဲ့တာတွေမစဉ်းစားချင်သေးဘူး ကျူးကျူး "

"အင်းပါ ဟိုမှာ လီဖန်းလာပြီ "

"အင်း မနက်ဖြန်မှတွေ့မယ်နော် "

"အိုကေအိုကေ "

နောက်ဆုံးစာမေးပွဲမို့ စာမေးပွဲပြီးတာနဲ့ ကျောင်းလဲပိတ်ပြီရိပေါ်အနေနဲ့ ရှောင်ကျန့်ကိုလဲတွေ့စရာမလိုတော့ဘူး ဒါကြောင့် အခုနှစ်ရက်ကျန်တဲ့ အချိန်မှာ သေချာပေါက် ရှောင်‌ရမယ်လို့ရိပေါ်က စဉ်းစားထားပြီးသားပင်

"သားငယ် "

"ဗျာ ပါးပါး "

"စာမေးပွဲဖြေနိုင်ရဲ့လား "

"ဟုတ်ဖြေနိုင်ပါတယ် "

"ကလင် ကလင် ကလင် ☎️☎️☎️"

"နေနေပါးပါးသွားကိုင်လိုက်မယ် "

ညစာထမင်းစားနေတုန်း ဖုန်းဝင်လာတာကြောင့် ထမလို့လုပ်တဲ့ရိပေါ်ကို ပါးပါးကဆက်စားနေပြီးသူသွားကိုင်သည် ကိုကြီးကတော့အိမ်မှာမရှိညဂိုင်းဆင်းရမှာမို့အလုပ်မှာပဲညအိပ်မည်တဲ့

"ဟလို "

"ဒါက ရိပေါ်အိမ်ကဖုန်းလားမသိဘူးခင်မျ"

"ဟုတ်ပါတယ် "

"ကျနော်က သူ့သူငယ်ချင်းပါ သူနဲ့စကားပြောလို့ရမလား"

"ခဏကိုင်ထားပါ ကောင်လေး  ....သားငယ် ဖုန်းလာတယ် "

"ဟုတ်ကဲ့ပါးပါး "

ဖုန်းလာကိုင်တဲ့ရိပေါ်ကိုပါးပါးက မျက်မှောင်ကျုံ့ကြည့်ကာ ဖုန်းကိုထိုးပေးသည်

Promise Where stories live. Discover now