Promise 12

917 78 24
                                    

"ဟျောင့် ရှောင်ကျန့် "

"ဘာလဲကွာ "

"အေး မင်းကတော့ဦးလေးနေတဲ့‌ဆီမှာသာယာနေတာ ဒီမှာကျန်ခဲ့တဲ့ရိပေါ်အတွက်ကျနည်းနည်းမှထည့်မစဉ်းစားဘူး"

"အဲ့တော့ဘာဖြစ်လဲ သူလဲအချိန်တနိ မေ့သွားမှာပဲ မင်းကဘာဖြစ်နေတာလဲလီယွန်း "

"အေး မင်းကဘာမှမဖြစ်သလိုနေနေပေမယ့်မင်းနဲ့ပတ်သတ်ထဲကရိပေါ်က မင်းနဲ့ရန်ဖြစ်တဲ့ကောင်တွေကြောင့်ချောင်းရိုက်ခံရတာမင်းသိလား "

"ဘာ !!"

"ဘာမနေနဲ့ နောင်တဆိုတာမျိုးမရှိချင်ရင်အခုပြန်လာခဲ့ ခွေးကောင် "

"ကျစ် သူ့ကိုဘယ်သူတွေက ချောင်းရိုက်တာလဲ "

"မင်းပထွေး ‌ဟိုတစ်ခါ အဲ့ရစ့်ကိစ္စကြောင့်ရန်စတဲ့ဟာတွေ ရိပေါ်သနားပါတယ်ဆေးရုံမှာ ဟျောင့် ဟာ ဖုန်းချသွားပြီငနဲက"

ကိုယ့်ကိစ္စဆိုမပါတတ်တဲ့လီယွန်းလိုလူမျိုးကတောင်ရိပေါ်ဘက်ကနေ ရှောင်ကျန့်ကိုဆဲဆိုသွားသည်ဆိုတော့တကယ်ပဲ ရိပေါ်အရိုက်ခံရတာလား ကျစ်

ရှောင်ကျန့်စိတ်ရှုပ်ထွေးစွာ ဆံပင်တွေထိုးဖွကာ ခုံပေါ်ကဂျက်ကတ်ကို ယူလို့ ဆိုင်ကယ်သော့ကိုဆွဲကာ ထရပ်လိုက်ချိန်

"ငါ့တူ "

"......."

"ဘေးလူဖြစ်တဲ့ဦး‌လေး ကြည့်ရသလောက်တော့ ငါ့တူက အဲ့ကောင်လေးပေါ့ တကယ်ချစ်မိနေတာပဲ ဒီတိုင်းလဲနေနိုင်နေတာလဲမဟုတ်နဲ့ကိုယ့်စိတ်ကိုသေချာပြန်သုံးသပ်ကြည့်ပါလား"

"အချစ်ကကြာရင်လူကိုထိခိုက်စေတယ် "

"ဒါဆိုလဲဘာလို့သူ့ကိုစိတ်ပူနေသေးလဲကွာဘာလို့ ရည်းစားတေယ်ထားသေးလဲဖျက်လိုက်ပါလား "

"သူ့ကိုသဘောကျတယ် သူ့ပုံစံသူ့မျက်နှာကို သူကကျနော့်အပိုင် စိတ်ပူတာမဟုတ်ဘူး ကျနော့်အပြစ်မကင်းသလိုခံစားရလို့ "

"ငါ့တူ လူတိုင်းကိုမာလီယာလိုမထင်နဲ့အေး မာလီယာဆိုတာလဲသူ့အကြောင်းပြချက်နဲ့သူ သူမကြောင့်မင်းစိတ်ထိခိုက်တယ်ဆို ဒီကောင်လေးကတော့မတူဘူးလေ သူကမာလီယာမှမဟုတ်တာ မင်းတစ်နေ့နောင်တရမယ်နော်‌ငါ့တူ"

Promise Tempat cerita menjadi hidup. Temukan sekarang