Promise 23

780 64 27
                                    

"ပတ်တီးကိုရေစိုမခံနဲ့ဦး‌ အနာထဲပိုးဝင်မှာစိုးရတယ် "

"ဟုတ်ကဲ့ "

"ဒုန်းး"

ဆေးပေးခန်းထဲတွင် ရိပေါ်၏ဒဏ်ရာအားပတ်တီးစည်းပေးနေသော ဆရာဝန်မှ ဆောင်ရန်ရှောင်ရန်များကိုပြောပြပေးနေ၏ လက်မောင်းထက်ကပတ်တီးဖြူအားကြည့်ကာငြိမ်သက်နေသည်က ရိပေါ်ဖြစ်သည် ထိုအချိန်တွင် အခန်းတံခါးအား အားကုန်ဖွင့်ကာဝင်လာသူတစ်ဦးကိုမြင်လိုက်ရသည်

"အခုပဲကျနော်တို့ လာတော့မလို့ပါလူနာကိုဆေးစည်းပေးထားတယ်သောက်ဆေးလဲပေးထားတယ် ......."

"အာ့ "

"ကုသပေးလို့ကျေးဇူးပါဒေါက်တာ "

အခန်းထဲကိုဟိတ်ဟန်အပြည့်ဖြင့်ဝင်လာသည့် ရှောင်ကျန့်ဆိုသောလူသားသည် ရိပေါ်ရှိရာကုတင်နားသို့သွားကာ ဒဏ်ရာကင်းသောလက်မောင်းအားဆွဲကိုင်လို့ ခေါ်ထုတ်သွားသည် ဆေးညွှန်းရင်းကျန်ခဲ့သော ဒေါက်တာမှာဖြင့်ကျန်ရှိသောပြောစရာအားအော်ပြောလိုက်ရသည်

"ဟာဟေ့ လူနာရှင် ကာကွယ်ဆေးကိုအစဉ်လိုက်လာထိုးပေးဖို့လဲ မမေ့ပါနဲ့ဦးဗျ "

အခန်းပြင်ထွက်လာတော့လည်းစိုးရိမ်တကြီးမေးလာသော လီယွန်းတို့အားလည်းတစ်ချက်ပင်ဖြေကြားခြင်းမရှိပါပဲရှောင်ကျန့်ရဲ့ ဦးတည်ရာကဆေးရုံ၏အပြင်ဘက်ကပင်ဖြစ်သည်

မပြေးရုံတမယ် အမြန်သွားနေသောရှောင်ကျန့်ခြေလှမ်းများကို အမှီလိုက်နေရသောရိပေါ်မှာချွေးပင်စို့နေလေပြီ

ကားထဲသို့အလောတကြီး ဝင်ခိုင်းကာအမြန်ပင်မောင်းထွက်လာသောရှောင်ကျန့်အားရိပေါ်ကြောက်မိသည်တော့အမှန်ပင်ဖြစ်သည် နာကျင်နေသော ပတ်တီးအောက်ကဒဏ်ရာလေး အား ဖွဖွပွတ်သတ်ကာလန့်နေမိသည်

"ဟို ~~~ဘယ်ကိုသွားနေတာလဲဟင် အရှိန်လျော့ပါဦး အရမ်းမြန်နေပြီ "

"ကျွီ!"

ရိပေါ်၏စကားကိုကြားသည်နှင့် လမ်းဘေးတွင်ကားကိုထိုးရပ်ကာ ‌ငြိမ်နေသည့်ရှောင်ကျန့်ဟာရိပေါ်အားလှည့်မကြည့်သလို မည်သည့်စကားမျှလဲမဆိုနေခဲ့ပါ

Promise Where stories live. Discover now