Promise 10

808 68 13
                                    

"ရိပေါ် "

"ပြောလေ လီဖန်း "

"မင်းနဲ့ ရှောင်ကျန့် တွဲနေကြပြီလား"

"အမ် ဘာ ဘာဖြစ်လို့မေးတာလဲ "

"ငါသိလို့လေ "

"လီဖန်း ဟို"

"ငါမင်းအိမ်ကလူတွေကိုမပြောပါဘူး ဒါမယ့်ရိပေါ် "

"အွန်း "

"သူတစ်ခုခုလုပ်ရင်ငါ့ကိုပြော တစ်ယောက်ထဲလဲကြောက်မနေနဲ့ကြားလား "

"အင်း ရှောင်ကျန့်က သဘောကောင်းပါတယ် "

"မင်းချစ်နေပြီလား "

"ဟင် "

"ရှောင်ကျန့်ကိုချစ်နေပြီလားလို့ မေးတာ"

"မ မချစ်ပါဘူး ငါ ငါမသိ ငါမသိဘူး "

"ဟင်းးးး မင်းလဲ ခက်တာပဲကွာ သူ့အကြောင်းသိတယ်မလား ‌အရမ်းကြီးမလိုက်လျောနဲ့နော် "

"အင်းပါ လီဖန်းကလဲ"

"ငါ အဖွားဆီလိုက်သွားမလို့ တစ်လလောက်တော့ကြာမယ် "

"ချက်ချင်းကြီးလား"

"ဟုတ်တယ် ဟိုမှာ အလုပ်မရှိတုန်း ဖွားဖွားကိုကူပေးမလို့ "

"အင်းပါ ငါ့ကိုဖုန်းတော့ဆက်နော် "

"အင်း "

ညနေဘက် လမ်းထိပ်ကမုန့်ဆိုင်လေးမှာထိုင်ရင်းမတွေ့ဖြစ်ကြတဲ့သူငယ်ချင်းနှစ်ယောက်စကားပြောနေကြတယ်

ရိပေါ် ရှောင်ကျန့်နဲ့တွဲတာကိုကျူးကျူးကလွဲပြီးဘယ်သူမှသဘောမကျကြဘူးထင်ပါရဲ့ ကျုးကျူးက သူ့သူငယ်ချင်းကိုတောင် ပြောဆိုလုပ်ပြီးရိပေါ်ဆီကရှောင်ကျန့်ကိုမလုယူဖို့ပြောဆိုရန်ဖြစ်ခဲ့တာ အခုဆို ကျူးကျူးနဲ့အဲရစ်စ့်ဆိုတဲ့မိန်းကလေးက ရန်သူတွေလိုဖြစ်သွားပြီ ရိပေါ်ကြောင့်များလားတွေးထင်ခဲ့ပေမယ့်ကျူးကျူးကမဆိုင်ဘူးလို့ပြောခဲ့တယ် လီဖန်းက တော့ ရှောင်ငျန့်ကိုကျောင်းမှာကတည်းကသဘောမကျခဲ့တာအခုထိပင်

နှစ်ယောက်သား စားသောက်စကားပြောပြီးလီဖန်းကရိပေါ်ကိုအိမ်ပြန်လိုက်ပို့ပေးပြီးမှပြန်သွားခဲ့တယ်

Promise Where stories live. Discover now