Promise 4

1K 85 25
                                    

ရိပေါ်ကိုလီဖန်းအိမ်ကိုလိုက်ပို့ပေးတဲ့ရှောင်ကျန့်က အိမ်မှာမိဘတွေမရှိဘူး လီဖန်းနဲ့ရိပေါ်နှစ်ယောက်ထဲဆိုတဲ့အသိနဲ့ သူပါလိုက်နေမိတယ် ဘာကြောင့်လဲတော့မယ်မယ်ရရမသိ တွဲခဲ့ဖူးတဲ့ မိန်းကလေးတွေနဲ့တောင်အဲ့လောက်ထိမဖြစ်ဖူး သူနဲ့ ရှောင်ကျန့်က ကလေးထိန်းကြီးလိုဖြစ်နေခဲ့တာ ကျောင်းမှာလဲ ဒီတိုင်းပါပဲ နေ့လည်စာကိုချောကလတ်နို့ သောက်ချင်တဲ့ရိပေါ်ကြောင့် ကျောင်းရဲ့လူအတိုးရဆုံးချောကလတ်နို့ဘူးတောင် ရှောင်ကျန့်က နေ့တိုင်းတန်းစီပြီးဝယ်ပေးခဲ့ရတာ တော်သေးသည် ရှောင်ကျန့်ဘာနေနေငြင်းတဲ့ရိပေါ်က အစားသောက်နဲ့ပတ်သတ်ရင်မငြင်း တကယ့်ကောင်လေး

"ရှောင်ကျန့် မင်းပြန်ချင်ပြန်လေ ငါ ငါ လဲ လီဖန်းအိမ်ရောက်‌နေ ပြီပဲဟာ "

"ဆေး မထည့်ဘူးလား"

"ဆေးထည့်ရင်စပ်မှာပေါ့ ပြီးတော့လီဖန်းကသွေးကြောက်တတ်တယ် "

"ရှောင်ကျန့် ရိပေါ်ရဲ့အနာကဒီတိုင်းထားရင်ပိုးတွေဝင်မှာစိုးတယ် မင်းဆေးထည့်ပေးနိုင်မလား "

"အင်း ဆေးသေတ္တာပေး "

"အား အားနာစရာကြီး"

"ဘာဖြစ်နေတာလဲ ဝမ်ရိပေါ် လုပ်ပေးတဲ့ ငါတောင်စောက်စကားမပြောတာ မင်းကဘာအားနာနေတာလဲ ဟမ် "

"ဟို~~~ငါဆေးမထည့်ချင်ဘူး စပ်တယ် "

"မင်းအနာကိုကြည့် ဒီလောက်ပြဲကွဲထွက်နေတာ မကျိုးရုံတစ်မယ် ‌လေ လက်တွေကိုလဲကြည့် ပွန်းပဲ့နေတာ အေး အာ့တာကို ဆေးမထည့်ချင်ဘူးဆိုရင် ပိုးတွေဝင်ပြီးမင်းအနာပိုကြီးလာလိမ့်မယ်အာ့ကျရင် ခြေထောက်ပါဖြတ်ပစ်ရမှာ မင်းသိလား ကလေးလဲ မဟုတ်တော့ဘဲ ကလေးလိုမနေနဲ့ !!! "

"ဟင့် sob !"

ဒဏ်ရာကိုကြည့်ပြီးရှောင်ကျန့်က အော်ဟောက်နေသည် ဟုတ်သည် ဒူးခေါင်းမှာဒီလောက်ဒဏ်ရာဖြစ်နေတာတောင်အတင်းပြန်လွှတ်ပြီးဆေးမထည့်ဘူးပြောနေတာ ရိပေါ်က ကလေးမှမဟုတ်တော့တာပြောရခက်လွန်းတယ် စိတ်မရှည်တဲ့ရှောင်ကျန့်နဲ့ လုံးဝမကိုက် သူအော်လိုက်လို့ထင်ပါတယ် ရှိုက်သံလေးတွေထွက်လာတာမို့ကြည့်လိုက်တော့ မျက်ဝန်းအိမ်ဖောင်းဖောင်းလေးတွေမှာ မျက်ရည်များကပြည့်လျှံလာတယ်

Promise Where stories live. Discover now