Promise 24

730 65 23
                                    

ကျိယန်တစ်ယောက်မိခင်ဖြစ်သူအားအကျိုးကြောင်းပြောလို့ အခန်းထဲပြန်အလာ ဖုန်းထဲကတက်လာတဲ့ notiသံကြောင့်ဖွင့်ကြည့်လိုက်ရာ သွေးပျက်ဖွယ်မြင်ကွင်းကိုမြင်တွေ့လိုက်ရသည် ရှောင်ကျန့်က သူ့ညီငယ်လေးကိုမတရားပြုကျင့်နေသည့်vedio fileဖြစ်သည် နှလုံးသားထဲကပါစူး၍အောင့်လာသည် ထို့အတူ ဒေါသလည်းထွက်ရသည်

"မဖြစ်တော့ဘူး ပိုက်ဆံကိုအမြန်‌ပြန်ဆပ်ပြီး ငယ်လေးကိုပြန်ခေါ်ရမယ် မနက်ပဲငါသွားပြီးအကြွေးတွေကိုဆပ်ရမယ်"

အတွေးပင်မဆုံးသေး phone screenထက်လက်ချောင်းများရွေ့လျားကာ နံပါတ်တစ်ခုကိုနှိပ်လိုက်၏ တစ်ဖက်မှဖြေဆိုသံကိုကြားသည်နှင့် ဝမ်ကျိယန်မှာ စကားစဆိုတော့သည်

"လီဖန်း မနက်ဖြန်ပဲ ရှောင်ကျန့်ကိုသွားတွေ့ကြမယ် "

"ဟုတ်ကဲ့အကို ကျနော်သူ့ရုံးကိုသိတယ် "

"ကောင်းပြီ "

ကိုကြီးလာခေါ်မှာပါငယ်လေး ရှောင်ကျန့်ကဘာကောင်ပဲဖြစ်နေပါစေ ကိုကြီးမမူ့ဘူး အဓိကက ငယ်လေးကိုပြန်ခေါ်နိုင်ဖို့ပဲ

မူးနောက်နေတဲ့ခေါင်းကြောင့်မျက်ခုံးတန်းတွေစုကျုံ့ကာ ညည်းနေတဲ့ကောင်လေးတစ်ယောက် king size မွေ့ယာနီညိုရောင်ကြီးပေါ်တွင် စောင်ပုံကြားမြုပ်နေသူလေးမှာ နာကျင်မှုကြောင့် လူးလွန့်လာသည်

မနေ့ကဒဏ်ကြောင့်ရိပေါ်မှာခေါင်းပင်မထူနိုင်အောင်နာကျင်လှပေသည် မဖွင့်ချင်သော မျက်လုံးများအား အားယူဖွင့်ကာပတ်ဝန်းကျင်ကိုစူးစမ်းရသည် သူသိလိုက်ရပြီ မနေ့ညက ရှိနေတဲ့အိမ်အိုဟောင်းမှာဟုတ်မနေတော့ သူအရင်နေခဲ့ဖူးတဲ့ရှောင်းအိမ်တော်ကအခန်းထဲကိုရောက်ရှိနေပြီဖြစ်သည် အားယူကာထထိုင်လို့ တစ်ဦးတည်းသောသူများရှိလို့ရှိညားလိုက်ရှာမိသည်
ရှင်းလင်းတိတ်ဆိတ်နေသောအခန်းကြောင့်ရိပေါ်မျက်ရည်တော့ကျမိသည်

အနားမှာတောင်ရှိမနေပေးပါလား

"နိုးပြီလား "

"ဟင် "

အိပ်ယာကနိုးလာသော်လည်း ဘေးတစ်နေရာရဲ့အေးစက်စက်အခြေနေကြောင့်ညကကြမ်းတမ်းသူမှာအနားမရှိမှန်းသိလိုက်ရသည် နာကျင်နေသော်လည်း သက်ဆိုင်သူကအနားမှာမရှိဘူးဆိုသောအသိကပိုပြီးပိုပြီးပင်ပန်းကာနှလုံးသားငယ်ကနာကျင်နေရသည် သို့သော်ဤသို့ခံစားချက်မှာခဏတာမျှသာဖြစ်ပေသည် အတွေးများနေတုန်း ကြားလိုက်ရသည့်အသံကြောင့် ငုံ့ထားဆဲခေါင်းကို‌ချာကနဲမော့ကာကြည့်မိသည်

Promise Where stories live. Discover now