Promise 21

944 67 27
                                    

"‌ငါ့အခန်းကိုဘယ်သူမှမလာနဲ့ ဘာသံကြားကြားအပေါ်ထက်ကိုယောင်လို့တောင်တက်မလာနဲ့ "

ခြံဝန်းထဲအကြမ်းပတမ်းမောင်းဝင်‌လာသော ကားလေးထဲမှ ထွက်လာသော အိမ်ကြီး၏အရှင်သခင်ဖြစ်သူရှောင်ကျန့်မှာမနေ့တနေ့ကကျွန်အသစ်လို့ပြောထားသည့်ဝမ်ရိပေါ်အား‌ဆွဲခေါ်ကာ အိမ်ထဲကိုဒုန်းစိုင်းဝင်လာပြီးအပေါ်ထက်ကိုမတက်လာဖို့ပြောသည်

ပုံမှန်ချိန်မှာအေးစက်စက်နိုင်ပေမယ့် ဒေါသထွက်သည့်အခါ ကြောက်ဖို့ကောင်းသောသားရဲတစ်‌ကောင်လိုအရိုင်းဆန်သည် တစ်နေကုန်အခန်းထဲနေပြီးပစ္စည်းတွေပေါက်ခွဲတာမျိုးဖျက်စီးတာမျိုးလုပ်လေ့ရှိသည် ဒါကြောင့်လည်းရှောင်ကျန့်စ်တ်တိုနေချိန်မည်သူမျှအနားမနေရဲပေ နောက်တစ်ခုကကိုယ့်ကိုယ်လည်းနာကျင်အောင်လုပ်တတ်သေးသည်

"အာ့ ရှောင်ကျန့် လွှတ်တော့ ငါနာနေပြီ  "

ရှောင်ကျန့်ရဲ့နောက်ကကပ်ပါလာတဲ့ကောင်လေးကလက်ကိုရုန်းကာ တားဆီးသည့်အခါ အပေါ်ထပ်မရောက်ခင်လမ်းတစ်ဝက်တွင်ခြေလှမ်းတွေရပ်တန့်သွားသည့်ရှောင်ကျန့်ဟာမျက်လုံးရဲများနဲ့ ရိပေါ်ကိုလှည့် ကြည့်လာပြီး ရုန်းကန်နေတဲ့လက်ကိုပို၍ဖိညစ်လာသည် နာကျင်သွားသည့်ကောင်လေးမှာ ညည်းသံပင်ထွက်လို့ မျက်ရည်များဝေ့သီလာတယ်

"အာ့ ရှောင်ကျန့် ငါ့လက် "

ရိပေါ်ရဲ့နားကိုကပ်ကာ စူးစိုက်ကြည့်ကာ စကားဆိုသည့်ရှောင်ကျန့်အားမည်သူမှမတားရဲ ကြပေ

"ငါ့နာမည်ကိုခေါ်ရဲတယ်ပေါ့ မင်းမှာငါ့နမည်ကိုခေါ်ဖို့ ဘာ‌‌စောက်ဆင့်ရှိလို့လဲ ငါကမင်းသခင် မင်းကငါ့ကျွန် ငါ့ကိုသခင်လို့ပဲခေါ် "

"အင့် "

ရိပေါ်လက်ကိုဆွဲဆောင့်ကာ ခေါ်သွားသောရှောင်ကျန့်သည် အခန်းတံခါးအားဒုန်းကနဲမြည်အောင်စောင့်ပိတ်လိုက်သည်

အဖြစ်ပျက်များကိုမြင်နေရသည့်အိမ်ထိန်းကျင်းသည် ရိပေါ်အားတိတ်တဆိတ်သနားနေမိသည် ဒီကလေးဟာ ဘာမှမဆိုင်ပဲ ခံနေရသည်မဟုတ်လား အကြောင်းစုံအပြည့်အဝမသိပေမယ့် ဒေါ်ကြီးကျင်းဟာ ရှောင်ကျန့်အတိတ်ကိုသိနေသူတစ်ဦးလည်းဖြစ်နေပြန်သည်

Promise Where stories live. Discover now