Promise 15

796 59 16
                                    

"ဒုန်း!!!"

အိမ်ထဲကိုဒုန်းစိုင်းဝင်ကာ တံခါးကိုအားနဲ့စောင့်ပိတ်သည် လက်ဆွဲပိုက်ဆံအိတ်အားခုံပေါ်ကိုပစ်တင်ကာ သူမကထိုင်ခုံပေါ်ထိုင်လို့ လေပူတွေကို မှုတ်ထုတ်တယ် သို့သော်လဲရင်ထဲမှဒေါစမီးများမှာ မငြိမ်းအေးနိုင်

"ဘယ်လိုဖြစ်ရတာလဲ ယောကျာ်းလေးတစ်ယောက်အတွက်လေ တန်ရဲ့လား "

"........"

သူမရဲ့စကားကိုခွန်းတုံ့ပြန်ခြင်းနည်းနည်းမှမရှိသော အရှေ့က သူမရဲ့သားအားအတော်လေးဒေါသဖြစ်မိသည်  သူများသားသမီးအားခိုးယူမှုနဲ့ အချုပ်ထဲရောက်တဲ့အပြင် အခုတော့အားလုံးကိုတောင်းပန်ပြီခံဝန်ကတိထိုးကာအာမခံနဲ့လွတ်လာရသည်တဲ့  သူမထိန်းကျောင်းမှုလျော့နည်းခဲ့ရပြီလား ကိုယ့်ကိုမလိုလားတဲ့သူကိုမှသူမသားကအသဲသန်ဖြစ်ပြနေသည်

"ငါမေးတာဖြေလေ ဘာလဲ ငါကထိန်းကျောင်းမှုညံ့ဖျင်းလို့လား မလိုလားတဲ့သူကိုအဲ့လောက်တောင်တွယ်ကပ်ရလား "

သူမပြောတာကိုနားထောင်နေတာလား နားမထောင်နေတာလား ဆိုတာ သူမမသိ သူမရှေ့က သူမသားက ခေါင်းကိုငုံ့ချထားသည် မတွေ့ဖူးဘူး သူမသားအခုလို စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ပုံစံကို သူမဆူတာနဲ့နည်းနည်းလေးမှမခံတတ်တဲ့သားသွက်လက်လွန်းတဲ့သားကအခုလိုမှိုင်တွေနေတာပထမဆုံးပဲ

ငိုတယ် သားက ငိုတယ်တဲ့ 

အမေဖြစ်သူဘာပြောပြောဂရုမစိုက်စွာ နေနေသည့်ရှောင်ကျန့် ဟာကြမ်းပြင်ကိုအတန်ကြာစိုက်ကြည့်နေပြီး ခဏအကြာမှာသူမဟုတ်သလိုရှိုက်ကြီးတငင်ငိုလာသည် အမြဲခက်ထန်ပြီးအေးစက်စက်နဲ့ လူဆိုးလူမိုက်က ငိုတယ်ဆိုတာ မယုံချင်စရာကောင်းလှသည်

အခုလိုရှိုက်ကြီးတငင် ငိုတာဒုတိယအကြိမ်မြောက်ဖြစ်သည် ပထမအကြိမ်က သူ့ရဲ့အဖေနောက်အိမ်ထောင်ပြုသည့်နေ့တွင်ဖြစ်သည်

"မား သားကသူ့ကိုသိပ်ချစ်တာ sob သားမှားခဲ့တယ် သားသူ့ကိုမကစားသင့်ဘူး သားရဲ့စိတ်ကိုသိခဲ့ရမှာ sob "

"သားရယ် "

မြင့်မားတဲ့အရပ်နဲ့ကိုယ်ထွားထွားကိုမိခင်ဖြစ်သူက ရင်ခွင်ထဲ ဆွဲထည့်ကာ ကျောလေးအားပွတ်ပေးတော့ပိုတိုးလို့ငိုသည်  အင်း သူမဟာသူမသားအတွက်တက်နိုင်သလောက်လေးလုပ်ပေးချင်တယ်

Promise Where stories live. Discover now