Promise 25

1K 58 24
                                    

တစ်နေ့တာလုံး သဘောကောင်းနေတဲ့ရှောင်ကျန့်ကို ရိပေါ်ပိစိလေးသံသယဝင်ပါတယ် ဘာလို့များရုတ်တရက်ကြီးသဘောကောင်းနေရတာလဲ နွေးထွေးလွန်းနေတဲ့ဂရုစိုက်မှုတွေကြောင့်ရိပေါ်ဟာရှောင်ကျန့်ဆိုတဲ့နွံမှာထပ်နစ်သွားမှာသိပ်ကြောက်မိသည်

"မား ဘယ်သူပါလာလဲသိလား "

ရိပေါ်အားလိုအပ်တာတွေဝယ်ပေးပြီးတာနဲ့ ခေါ်လာသည့်နေရာကား မြို့ပြင်က ဂူသင်္ချိုင်းကိုပင် ထို့နောက် စိမ်းလဲ့နေသောသစ်ပင်အိုကြီးအောက်တွင်ထွင်းထာထားသော လှပစွာတည်ရှိနေသည့်ကမ္မည်းကျောက်တိုင်လေးရှေ့တွင်ရပ်စေသည်ထိုနေရာအားကြည့်ကာ ဆွေးမြေ့စွာ ဆိုလာသည့်ရှောင်ကျန့်အား  ရိပေါ်မှာငေးကြည့်လျက်

"ငါ့အမေကငါ့စိတ်နဲ့သေခဲ့ရတယ် "

"တောင်းပန်ပါတယ် "

"ဟက် သိချင်လား "

‌‌သစ်ပင်ဘေးတွင်ထိုင်ချကာ ပြာလဲ့နေသော ကောင်းကင်ကိုကြည့်လို့စကားဆိုလာသည်

"အွန်း "

"‌မင်းအမေနဲ့အဖေ ရောက်လာခဲ့တယ် ပိုက်ဆံတွေပုံပေးပြီး မပတ်သတ်ဖို့ပြောတယ် ငါ့ကိုငါ့အမေရှေ့စော်ကားသွားတယ် ဘာတဲ့ မင်းနဲ့ငါကမတန်ဘူးတဲ့ ငါ့အမေကအဲ့စိတ်နဲ့မအိပ်နိုင်မစားနိုင်ဖြစ်ခဲ့ရတယ် အဆိုးဆုံးကသူ့အလုပ်မှာသူနာမည်ပျက်သွားတာပဲ ငါလဲ ချောင်းရိုက်ခံရတယ် မင်ူအကိုစနက်နဲ့လေ "

"ငါ့မိဘတွေအစားတောင်းပန်ပါတယ် "

ခေါင်းငုံ့ကာ တောင်းပန်နေသူလေးအား မေးဖျားကပင့်ကိုင်လို့ မျက်လုံးချင်းအကြည့်စုံစေသည်
ရှောင်ကျန့်ရဲ့စကားကြောင့်ပြူးဝိုင်းလာတဲ့မျက်ပေတုံးလေးတွေက တကယ်တော့စိတ်ဆိုးခြင်းမဟုတ်ဘဲ အားငယ်ကာ ညိုးငယ်သွားတာပင် ဖြစ်သည်

"အချိန်တွေလွန်သွားပြီလေ "

တိတ်ဆိတ်သွားတဲ့အခြေအနေတစ်ခုမှာဘယ်သူကမှစကားမစခဲ့ ခေါင်းငုံ့ကာ လက်ထိပ်လေးတွေကုတ်ဖဲ့နေတဲ့ကောင်လေးကို ရှောင်ကျန့်ကငေးကြည့်နေခဲ့တယ်

"♫ ♬♪  ♫ ♬♪  ♫ ♬♪"

ဖုန်းဝင်လာသံကြောင့် ရှောင်ကျန့်ဟာ ငေးနေတာကိုလက်စသတ်ကာ ဖုန်း contact ကိုကြည့်ကာ အလှဆုံးပြုံးလို့ ဝင်လာသောဖုန်းအားလက်ခံစကားပြောနေခဲ့သည်

Promise Where stories live. Discover now