promise 16

712 67 14
                                    

"ကျွန်တော်တို့မူးယစ်ဆေးဝါးအမှုနဲ့ ရှောင်ကျန့်ဆိုတဲ့ကောင်လေးကိုလာဖမ်းတာပါ "

"ရှင် !!"

ရုတ်တရပ်ပါပဲ အိမ်ထဲဝင်လာသော ရဲတွေနဲ့ရပ်ကွက်လူကြီး ရှောင်ကျန့်အားဆေးဝါးသုံးစွဲရောင်းဝယ်မှုနဲ့တိုင်လို့လာဖမ်းကြသည်တဲ့ သားအမိနှစ်ယောက်ရန်လဲဆက်မဖြစ်နိုင်စကားလဲ ဆက်မများနိုင် တော့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာကြောင်အမ်းနေကြသည်

"အခုတော့လိုက်ခဲ့ပေးပါကျန်တဲ့ကိစ္စနောက်မှရှင်းကြပေါ့ "

"မဟုတ်ဘူး ခေါ်မသွားကြပါနဲ့ကျမသားက အဲ့လိုကလေးမဟုတ်ပါဘူး "

လက်ထိပ်ခတ်ကာခေါ်နေကြသောရဲများအား ရှောင်ကျန့်အမေကအတင်းဆွဲကာထားသည်သူမသားရဲ့လက်မောင်းကိုကျစ်နေအောင်ကိုင်ကာဆွဲထား၏ မျက်ရည်များကျကာ ရှောင်ကျန့်ကိုမကောင်းတဲ့သူမဟုတ်ကြောင်း ခေါ်မသွားကြဖို့တောင်းပန်ကာပြောနေသည်မှာ ခြံပြင်ရောက်သည်အထိ

"ကျေးဇူးပြုပြီး နေခဲ့ပေးပါ "

"ငါ့သားကိုခေါ်မသွားကြနဲ့ ငါ့သားမှာအပြစ်မရှိဘူးလေ ငါတို့မှာဒီသားအမိနှစ်ယောက်ထဲရှိတာမို့ပါ sob "

"မားး"

ခေါ်ထုတ်သွားသည်သူမသားကို ဖမ်းခေါ်သွားကြသည် သူမမှာဒီသားလေးပဲရှိတာလေ အဘယ်ကြောင့်များ သူမချစ်တဲ့တစ်ဦးတည်းသောကလေးကိုမှသူမအနားကဆွဲထုတ်ချင်ရတာလဲ မဖြစ်ဘူး သူမသားသာမရှိရင်သူမသေသွားနိုင်တယ် တားရမယ် သူမသားကိုခေါ်မသွားဖို့တားကိုတားရမယ်

မျက်ရည်များကြားကအားတင်းကာ ရှောင်ကျန့်အမေဟာ သူမသားကိုဖမ်းခေါ်သွားသောရဲကားနောက်ကိုလိုက်သည် မမောပန်းနိုင်ကားအနောက်ကနေ တစ်ချက်မနားပဲလိုက်လာခဲ့သည်

"သား ကျမသားကိုမခေါ်သွားပါနဲ့ "

ပါးစပ်ကနေသူမသားကိုမခေါ်သွားဖို့အထပ်ထပ်ကိုပြောနေခဲ့သည် မျက်ဝန်းထက်မျက်ရည်များပြည့်လျှံနေခြင်းကြောင့်အရှေ့ကိုပင်ကောင်းကောင်းမမြင်နိုင်ခဲ့တဲ့သူမဟာသားဇောကပ်နေခဲ့သည်

Promise Where stories live. Discover now