Promise 9

780 75 24
                                    

"ကျန့်  "

"ဘာလို့ကျန့်က အဲ့ရစ့် ကိုပစ်ထားရတာလဲ "

"မအားလို့ "

"ကျန့် ညကဂိမ်းဆော့တာလဲ အဲရစ့်ကိုကာကွယ်ပေးဘူး"

"မင်းကိုသာလိုက်ကာကွယ်ပေးနေရင်ပွဲရှုံးသွားမှာပေါ့"

"ကျန့်ဘာစကားပြောလိုက်တယ်"

"လမ်းခွဲရအောင်"

"ဘာ "

"ငါစကားကိုနှစ်ခါမပြောဘူး"

"တို့နဲ့တွဲတာ  နှစ်ပတ်စွန်းရုံလေးရှိသေးတယ်လေ "

"မင်းကိုစတွဲကတည်းကစိတ်ပါလို့မဟုတ်ဘူး ငါစိတ်ညစ်နေတဲ့အချိန်ပြောချင်ရာပြောမိလိုက်တာ ငါတောင်းပန်တယ်"

"ဘာဖြစ်လို့လဲ ဘာကြောင့်လဲကျန့်ရဲ့  ......"

"ငါ့အမှားမို့တောင်းပန်ပါတယ်အဲရစ့် ဒီလောက်နဲ့ရပ်ကြတာပေါ့"

"ဘာလို့လဲ ကျန့် ဘာကြောင့်အခုလိုလုပ်ရတာလဲဆိုတာပြောပြ"

ရှောင်ကျန့်အနေနဲ့သူ့အရှုပ်ကိုရှင်းပစ်တာကောင်းတယ် ဒါကြောင့်ပဲ ပန်းခြံမှာချိန်းပြီးလမ်းခွဲစကားပြောလိုက်ခြင်းပင် ဒါကိုသူမလိုလားသည့်ပုံမပေါ်ဘာပဲဖြစ်ဖြစ်ရှောင်ကျန့်ရှင်းထုတ်ပစ်ရမည်ဒါမှသာ ရိပေါ်ကသူ့ကိုစိတ်မခုမှာ

"ငါ့မှာချစ်သူရှိပြီးသား သူနဲ့ပြဿနာတတ်တုန်းမင်းရောက်လာတော့စိတ်ဖြေတဲ့သဘောတွဲမယ်ပြောလိုက်မိတာ"

"ဘာ ရှောင်ကျန့် နင် နင်ကသူနဲ့ငါမှာသူ့ကိုရွေးချယ်တယ်ပေါ့့"

"ငါသူ့အပေါ်သစ္စာမဖောက်ချင်ဘူး ပြီးတော့သူနဲ့အရင်တွဲတာ"

" ဖြန်း !! ဟား ဒါကြောင့် ညတိုင်းမအားတာနဲ့ လိုင်းပေါ်မှာရှိနေပြီးစကားမပြောတာနဲ့ကိုးနင့်လုပ်ရက်အတွက်ပေးဆပ်ဖို့ပြင်ထားငါက သူများကိုကစားရတာကြိုက်ပေမယ့်ငါ့ကိုကစားရင်တော့နည်းနည်းလေးမှမခံဘူး "

ရှောင်ကျန့်ကိုဒေါသတကြီးပြောဆိုကာထွက်သွားသောသူမကိုကြည့်ပြီး အရိုက်ခံလိုက်ရတဲ့ဘယ်ဘက်ပါး ပါးစောင်ကိုလျှာနဲ့ထိုးကာ နှုတ်ခမ်းအောက်ကမှဲ့နက်လေးကော့တက်သွားအောင်ပြုံးလိုက်တယ် မိန်းကလေးနဲ့ဖက်ပြီးရန်ဖြစ်ရတာမျိုးရှောင်ကျန့်မကြိုက်ပေသူ့လုပ်ရက်မှားနေတာကြောင်ငြိမ်ခံနေတာလဲပါသည်  ဖုန်းလေးကိုထုတ်ကာ ပုလုံးလို့မှတ်ထားတဲ့ ဖုန်း contact လေးကိုနှိပ်ကာ ဖြေသံလေး‌အားစောင့်နေလိုက်သည်

Promise Where stories live. Discover now