Promise 22

985 73 39
                                    

"ဟျောင့် ရှောင်ကျန့်  "

"ခွက် !"

"ဟာ လီယွန်း "

ငယ်သူချင်းများမှာရှောင်ကျန့်ရဲ့အိမ်တွင်ဖြစ်ပြီး လီယွန်းမှာအိမ်ထဲကိုဝင်လာချင်းချင်းရှောင်ကျန့်အားခေါ်ကာထိုးတော့သည် ကြမ်းပြင်ပေါ်သို့ အရှိန်နဲ့လဲကျသွားသော ရှောင်ကျန့်မှာပြန်ခုခံခြင်းမရှိပါဘဲ ငြိမ်လျက်သားသာရှိနေ၏

"ငါ့ကိုတားဖို့မကြိုးစားနဲ့ကျန်းချန် ဟျောင့်ဘယ်လောက်ပဲ ရိပေါ်ရဲ့မိသားစုကိုမုန်းတီးနေပါစေ သူ့ကိုအမုန်းတွေပုံချတာတော့လွန်လွန်းတယ် အကျိုးရလဒ်အနေနဲ့ မင်းကောမနာကျင်ဘူးလားဟမ် "

"........"

တိတ်ဆိတ်ငြိမ်သက်လွန်းတဲ့ရှောင်ကျန့်ဟာ လီယွန်းဘာပြောပြော စကားတစ်ခွန်းတောင်ပြန်မဆိုခဲ့

"လီယွန်းစိတ်ကိုအေးအေးထားစမ်းပါ "

ကျန်းချန်မှာသူငယ်ချင်းနှစ်ယောက်ကြားဝင်တား၏

"ငါ့အထင်တော့ ရှောင်ကျန့်မမှားဘူး သူခံစားခဲ့ရတာတွေမင်းလည်းအသိပဲလေ "

ဘာဖြစ်ဖြစ်အမြဲတမ်းဂျောင်မှာကပ်ပြီးသီချင်းညည်းနေတတ်ပြီးအေးလွန်းတဲ့ ဘန်ကတောင်ရှောင်ကျန့်မမှားဘူးဆိုကာ ပြောလာခဲ့သည် ဘန့်စကားကိုကြားတော့ ဖုန်းပြောနေတဲ့ရွဲယန်က အိမ်ထဲပြန်ဝင်လာပြီးဘန့်ပုခုံးကိုဖတ်လို့စကားဆိုသည်

"ဟ ငါ့ကောင် သီချင်းပဲဆက်နားထောင်ပါကွာ ကြားတွေထဲမဝင်နဲ့ "

"လီးစကားပြောပြန်ပြီ "

"ဒါဆိုမင်းပြော အခုရှောင်ကျန့်က မှန်ကြောင်လေးကိုလုပ်တာမမှားဘူးပေါ့ဟုတ်လား "

"အင်း ကျန့်ကြီးကအမေတောင်ဆုံးရှုံးခဲ့ရတာပဲ သူတို့ကအခုမှအစပဲရှိသေးတာ ပြီးတော့ရှောင်ကျန့်ဘက်ကိုအစကတည်းကသာကိုယ်ချင်းစာတတ်ရင် ဒီလိုတွေဖြစ်လာမှာမဟုတ်ဘူး "

ဘန့်အပြောကို ရွဲယန်နဲ့ဘန်‌ကခေါင်းတညိတ်ညိတ်နားထောင်၏ သို့သော် သွေးပူနေသောလီယွန်းကတော့ထိုသို့မနေပါပို၍ပင်ဒေါသထွက်လာသည်

Promise Where stories live. Discover now