Fear🤍

42 2 0
                                    

Fear

ကျွန်မရဲ့အကြောက်တရားက သူမဆီမှာဖြစ်တည်မြစ်ဖျားခံတယ်ဆိုရင်......။

သူမက နာကျင်စေတယ်၊ပျော်ရွှင်စေတယ်၊တစ်ခုခုကိုစိုးရိမ်စိတ်ဖြစ်အောင်ဖန်တီးပေးတတ်တယ်၊ကြောက်လန့်စေတတ်သလို လုံခြုံနွေးထွေးစေပြန်ရော၊ငိုကြွေးစေတတ်သလို အပြုံးတစ်ခုလည်းဖန်တီးပေးလေ့ရှိတယ်။

သူမ.......ဟုတ်တယ်.....အဲ့ဒီကောင်မလေးကို Honeyလို့ချစ်စနိုးခေါ်ရင်းကျွန်မကပ်တွယ်နေခဲ့မိတာ။သူမက ကျွန်မကိုမိန်းမလို့တဖွဖွခေါ်ပြီးယုယကြင်နာပေးနေပေမယ့်လည်း ကျွန်မတစ်ခုခုကိုစိုးရိမ်ပူပန်နေမိတယ်။

ဒါပေါ့.....သူမကိုဆုံးရှုံးလိုက်ရမှာကျွန်မကြောက်နေခဲ့တာလေ။နေ့ရက်တိုင်းမှာ အကြောက်တရားကိုကျွန်မရင်ဆိုင်နေခဲ့ရတာ။

တစ်ရက်တုန်းကတော့သူမရီမောနေလေရဲ့။"ကိုယ့်ကိုဆုံးရှုံးရမှာအဲ့လောက်အထိကြောက်သလား ကလေး" တဲ့။

"သိပ်ကြောက်တာပေါ့။နှလုံးခုန်ရပ်သွားမတတ်ကြောက်တယ် Honey"

ကျွန်မရဲ့နှုတ်ဖျားကရော၊ရင်ဘတ်ထဲမှာရော အဲ့ဒီအကြောက်တရားကိုအထပ်ထပ်ရွတ်ဆိုနေခဲ့တာ။
Honeyသိနိုင်ပါ့မလားမသေချာပေမယ့် ကျွန်မကြောက်တယ်။

သူမကလေ ကျွန်မကိုတင်းကျပ်နေအောင်ဖက်ထားပြီး တတ်နိုင်သမျှဂရုစိုက်ပေးတတ်ပါတယ်။သူမရဲ့ဂရုစိုက်မှုတွေကိုဘယ်လောက်ရရ ကျွန်မအတွက်မလုံလောက်တာ ကျွန်မသိပ်လွန်လွန်းသွားမလား တွေးမိတယ်။

တစ်ချို့နေ့ရက်တွေမှာဆိုရင်သူမကိုလက်လွှတ်လိုက်ရတော့မှာလားလို့တွေးရင်းအသဲအသန်ငိုကျွေးခဲ့ဖူးတယ်။

ကျွန်မသူမကိုသိပ်ချစ်တယ်။အရာအားလုံးထက်သူမကိုပိုချစ်တယ်။

သူမက‌ကျွန်မကို ကတိအထပ်ထပ်ပေးနေလေရဲ့။ကျွန်မကိုဘယ်တော့မှလက်မလွှတ်လိုက်ပါဘူးဆိုပြီးပေါ့။မင်းကကိုယ်ချစ်ရတဲ့တစ်ဦးထဲသောအမျိုးသမီးလေး၊မင်းကကိုယ့်ကိုပိုင်ဆိုင်ခွင့်ရှိတဲ့တစ်ယောက်ထဲသောသူ ဆိုပြီးအမြဲပြောလေ့ရှိတယ်လေ။

သူမရဲ့ရင်ခွင်ထဲတိုးဝင်ပြီးသူမရဲ့ရင်ဘတ်ကအင်္ကျီစကိုဆုပ်ကိုင်ရင်းကျွန်မရှိနေတဲ့အချိန်တွေမှာ သူမကကျွန်မကိုတင်းတင်းကျပ်‌ကျပ်လေးဖက်ထားပေးပြီး ကျွန်မကိုနှစ်သိမ့်စကားတွေဆိုတတ်သေးတာ။

တစ်ချိန်တုန်းကသူမနဲ့ပတ်သက်ပြီးနာကျင်စရာ‌တစ်ချို့ရှိခဲ့ဖူးတယ်။အရာရာက အခုအချိန်အထိကျွန်မကိုခြောက်လှန့်နေဆဲပဲလေ။ကျွန်မဘေးမှာဘယ်လောက်ပဲရှိပေးနေပါစေ သူမပျောက်ကွယ်သွားမှာအရမ်းကြောက်နေမိတယ်။

ဘာပဲဖြစ်ဖြစ်သူမကိုလက်ထပ်ပိုင်ဆိုင်ခွင့်ရတဲ့အတွက်နောင်တမရှိပဲ ကျွန်မအသက်ရှင်သန်ခွင့်ရနေမှာပါ။

အခု ကျွန်မကHoneyရဲ့မိန်းမအဖြစ် Honeyရဲ့ရင်ခွင်ထဲမှာရှိနေတာ။ဒီအကြောက်တရားနဲ့ပတ်သက်တဲ့ခံစားချက်တွေဖြစ်နေပါတယ်လို့ သူမကိုပြောရင် သူမဘာပြန်ပြောမလဲ။

အင်း....."မင်းကိုကိုယ်ဒီလောက်ဂရုစိုက်ပေးနေတာတောင် မင်းက အဲ့ဒါတွေတွေးနေနိုင်သေးတာလား။အဲ့လိုအရာတွေသိပ်လိုချင်နေတာလား ကလေး" ဆိုပြီး ကျွန်မကိုအော်မှာသေချာတယ်။

ဒါပေမယ့်နေ့ရက်တိုင်းမှာသူမနဲ့ပတ်သက်တဲ့ခံစားချက်တွေကိုချရေးဖြစ်နေဦးမှာမို့လို့.....။

ဒီခံစားချက်တွေအားလုံးကို အသက်အရွယ်အိုမင်းသွားတဲ့အချိန်အထိ သူမနဲ့အတူတူရှိနေရင်းခံစားရမယ်ဆိုရင်......။

ကျွန်မနှလုံးသားထဲက ဒီအကြောက်တရားကိုသူမရဲ့အကြင်နာလက်တွေနဲ့ဖယ်ရှားပေးမယ်ဆိုရင်......။

ကျွန်မကိုသူမရဲ့အမျိုးသမီးအဖြစ်သိမ်းပိုက်ထားတာကိုဘဝအဆက်ဆက်ခံယူရမယ်ဆိုရင်......။

ကျွန်မအတွက်............။

အင်း....ထားပါ.....သူမနဲ့ပတ်သက်တဲ့အကြောင်းအရာတစ်ချို့ကို ကျွန်မရဲ့နှလုံးသားဒိုင်ယာရီထဲမှာဆက်ရေးဖြစ်နေဦးမှာမို့လို့......။

မနက်ဖြန်တိုင်းကိုသူမရဲ့စိတ်နဲ့ကျွန်မအသက်ဆက်ရှင်သန်ရင်း.......။

Avery Yint Han

To My GirlfriendWhere stories live. Discover now