Ep - 1

2K 73 1
                                    

ပေကျင်းမြို့မှာ မိန်းကလေး သီးသန့် တက်နေတဲ့ တက္ကသိုလ် ကျောင်း တစ်ကျောင်းရှိပါတယ်။ မိန်းကလေး သီးသန့် ပဲ တက်တယ်ဆိုပေမယ့် သာမန် လူတန်းစား အတွက်တော့ မဟုတ်ပါ။

ကျောင်းဝင်းကြီးက ကျယ် သလောက် အားကစား ခန်းမ၊ ထမင်း စားသည့် နေရာ၊ တစ်ခြားသော အားကစား လုပ်လို့ ရတဲ့ နေရာ များစွာ ရှိပါသေးတယ်။

မေဂျာဆိုလည်း ယောကျာ်းလေး အများစု တက်ကြတဲ့ လေကြောင်းလိုင်း၊ ရေကြောင်းလိုင်း ပါ ရှိသည့်အပြင် တစ်ခြားသော ရွေးချယ်စရာ များတဲ့ မေဂျာတွေလည်း  ရှိပါတယ်။

ဒီနေ့တော့ သောကြာနေ့ ဖြစ်ပြီး တစ်ပတ်စာရဲ့ နောက်ဆုံး ရက် တက်ရတဲ့နေ့လည်း ဖြစ်၊ ကျောင်းဆင်းချိန်လည်း ဖြစ်တာကြောင့် ကျောင်းဝင်းထဲမှာ ဆူဆူ ညံညံ နဲ့ ကျောင်းသူလေးတွေ အတန်းဆင်းလာပြီး ကိုယ့်အိမ်ကို ပြန်မယ့်လမ်းဆီ ဦးတည်နေကြတယ်။

ထိုအထဲတွင် ဆံပင်ကေ ကို အတိုညှပ်ထားပြီး နားထဲ တစ်ဖက်ညှပ်ထားတဲ့ ကောင်မလေး တစ်ယောက်ကတော့ ပါးစပ်ထဲမှာလည်း ပီကေ ဝါးရင်း သူ့အိမ်က လာကြိုမယ့်ဆီ စောင့်နေပါတယ်။

ခဏအကြာတော့ ပြောင်လက်နေတဲ့ ကား အမဲ တစ်စီး သူမ ရှေ့ ထိုးဆိုက်လာသည်။

ကောင်မလေး ကား သမားက ကား တံခါး ဖွင့်ဆင်းပြီး သူမ အတွက် ကား နောက်ခန်း တံခါး ဖွင့်ပေးမလို့ လုပ်တာကို လက် ကာပြပြီး သူမ ဘာသာ တံခါး ဖွင့်ပြီး တက်သွားလိုက်သည်။

' မမလေး ... နောက်ဆို ကျနော် တံခါး အရင်ဖွင့်ပေးပါ့မယ်။'

' ကဲပါ ... ကျမ လည်း ကား ပေါ်ရောက်နေပါပြီ။ ကား မောင်းတော့ ...။'

ကား သမား ကား နောက်ကြည့်မှန်ကနေ မမလေး ကို ကြည့်တော့ ခေါင်းကို င်္အကျီမှာ ပါတဲ့ ခေါင်းစွပ်တောင် စွပ်ထားပြီးနေပြီး နားထဲကိုလည်း နားကြပ် တပ်ထားနေပြီကိုတွေ့ရတာကြောင့် ဘာမှ ထပ်မပြောတော့ပဲ ကား ကို မောင်းထွက်ခဲ့လိုက်သည်။

~~~~~~~~

Company တစ်ခု၏ ဒါရိုက်တာ ရုံးခန်းထဲတွင် suit အပြည့်နဲ့ လူ တစ်ယောက် သူ့ရဲ့ စားပွဲမှာ ထိုင်ပြီး ဖိုင် တစ်ခုမှာ လက်မှတ် ထိုးနေတယ်။

What's wrong? ( Completed )Where stories live. Discover now