Ep - 15

409 26 2
                                    

ပြင်သစ်မြို့၏ လိုဂို ဖြစ်တဲ့ အီဖယ် မျှော်စင် ကို လှမ်းကြည့်ရင် မြင်နိုင်တဲ့ နေရာကနေ ကောင်လေး တစ်ယောက် နဲ့ ကောင်မလေး နှစ်ယောက် အတူတူ ည ရှူခင်း ကြည့်ရင်း ညစာ စားနေကြသည်။

' ရှောင်း ... မှာ ထားနှင့်။ ငါ Toilet ခဏ သွားအုံးမယ်။'

' အင်း ...။'

ရှောင်းကျန့် ယွီ့ကျင်း ရဲ့ အမေးကို မီနူး ကြည့်ရင်း အဖြေ ပြန်ပေးလိုက်သည်။

' ရှဲန့်မု ... လိုက်မလား ...။'

' ဟင့်အင်း ...။'

' အိုခေ ...။'

ရှဲန့်မု ယွီ့ကျင်း ထွက်သွားတာနဲ့ သူ့အတွေးကို ချက်ချင်း အကောင်ထည် ဖော်ဖို့ ရှောင်း ထိုင်နေတဲ့ အနားမှာ သွားကပ်ထိုင်လိုက်သည်။

' ရှောင်း !!!!။'

' ဟင် ???.'

ရှဲန့်မု သူ ရှောင်း ကို တမင် အသိမပေး၊ ပြင်ဆင်ချိန် မပေးပဲ အနား ကပ်ထိုင်ပြီး ခေါ်လိုက်တာ ဖြစ်သည်။ ဒါပေမယ့် လှည့်ကြည့်လာတဲ့ ရှောင်း ရဲ့ မျက်နှာကို အနီးကပ် ကြည့်ပြီး မျက်ဝန်းကို စိုက်ကြည့်ပေမယ့် ခြေဖျား လက်ဖျားတွေ မအေးလာ၊ ရင်တွေလည်း သာမန်ထက် ပိုမခုန်လာခဲ့ပါ။

ရှဲန့်မု သူ့နေရာဘက်ကို ပြန်သွားထိုင်လိုက်ပြီး သူ့ နှလုံးသားနေရာကို လက်ဝါးနဲ့ အုပ်ထားလိုက်သည်။ ပြီးတော့မှ သေချာ သွားတာက သူ့ နှလုံးသားက ယွီ့ကျင်း ရဲ့ အနားမှာ နေမှ သာမန်ထက် ပိုခုန်နေတယ်ဆိုတာကိုပေါ့။

' မင်းသမီး ... ဘာဖြစ်လို့လဲ? တစ်ခုခု ဖြစ်နေတာလား ...။'

' ဟင့်အင်း ...။ ဘာမှ မဖြစ်ဘူး။'

' ဟုတ်ကဲ့ ...။'

ရှောင်းကျန့် ဘာမှမဖြစ်ဘူးဆိုတော့မှ ကြည့်လို့ မပြီးသေးတဲ့ သူ့ရဲ့ မီနူး ကို ဆက်ကြည့်လိုက်သည်။

ထိုစဉ် ...

' ဒီမှာ အတူထိုင်လို့ ရသေးလား ...။'

' မုလုံ !!!!.'

ရှောင်းကျန့် လည်း မင်းသမီး ဆီက မုလုံ ဆိုတဲ့ အသံကြားတာနဲ့ ချက်ချင်း လှမ်းကြည့်လိုက်သည်။ မျက်နှာပဲ မြင်ရတဲ့ မီးရောင် ခပ်မှိန်မှိန်လေး အောက်မှာ သူတို့ရဲ့ စားပွဲဝိုင်း နားမှာ လာရပ်နေတာ တကယ်ပဲ သူတို့ရဲ့ ရေသူထီး မျိုးနွယ်ဝင် ဖြစ်တဲ့ မုလုံ ဖြစ်နေတယ်။ တစ်နည်းအားဖြင့် သူ နဲ့ မင်းသမီး ကို အမြဲတမ်း အထင်မြင်လွှဲနေပြီး မင်းသမီးကို တစ်ဖက်သတ် ကြိုက်နေတဲ့ ကောင်ပေါ့။

What's wrong? ( Completed )Where stories live. Discover now