Ep - 8

420 38 2
                                    

မြို့ထဲရှိ Shopping Mall တစ်ခုထဲတွင် ရှိသော ဖုန်း နှင့် နည်းပညာ နဲ့ ပတ်သက်သမျှ ရသော ဆိုင် တစ်ဆိုင်ထဲတွင် ...

' ယွီ့ကျင်း ... ငါ့ကို ဒါလည်း ဝယ်ပေး ...။'

ယွီ့ကျင်း ရှောင်း ပြတဲ့ Laptop ကို ကြည့်လိုက်၊ ရှောင်း ကို ကြည့်လိုက် လုပ်ပြီး ...

' နင် အဲ့ဒါ ဘာလဲ ဆိုတာရော သိလို့လား ...။'

' သိတယ်လေ။ ဇာတ်လမ်းထဲမှာဆို ဒီဟာကို ဖွင့်လိုက်ရင် အနောက်က ပန်းသီး တစ်ခြမ်း ကြွက်ကိုက်ထားတဲ့ ပုံ မှာ မီးလင်းလာတာလေ။ လှ လို့ လိုချင်တာ။'

' ဒါက အလှကြည့်ဖို့ ဝယ်ရတဲ့ ပစ္စည်း မဟုတ်ဘူး။ ပြန်ထားလိုက် ...။'

ယွီ့ကျင်း ရှောင်း လက်ထဲက laptop ကို ယူပြီး သူ့ နေရာသူ ပြန်ထားသည်။

ယွီ့ကျင်း ပြန်ထားတာကို ရှောင်းကျန့် က ပြန်ဆွဲယူတယ်။

' လိုချင်ပါတယ်ဆို ပြန်ထားစရာလား ...။ မင်း ငါ့ကို မဝယ်ပေးဘူးလား ...။'

' ဟဲ့ ... ဝယ်ပြီး မသုံးတတ်ရင် ဒီတိုင်း ပစ်ထားရမှာလေ။ ပြီးတော့ နင် ဖုန်း ဝယ်အုံးမှာ မလား။'

' ဝယ်မှာ ။ နှစ်ခုလုံး ယူမှာ။'

ယွီ့ကျင်း laptop ကို သူ ပြန် လု မှာစိုးလို့ ရင်ခွင်ထဲတောင် ထည့်ဖွက်ထားတဲ့ ရှောင်း ကို ကြည့်ပြီး ဘာမှလည်း ပြောလို့ ရမှာ မဟုတ်ဘူးဆိုတာ သိတာကြောင့် ဖုန်း ရှိတဲ့ ဘက်ကိုပဲ ပြန်လာလိုက်သည်။

~~~~~~~~~

' ကြိုက်တာ ကြည့်ပါ ခင်ဗျ။ ဘယ်မော်ဒယ်ထဲက သုံးချင်တာပါလဲ ခင်ဗျ ...။'

' ယွီ့ကျင်း ငါ့ကို အနောက်မှာ ကင်မရာ ၃ လုံး ပါတဲ့ ဟာ ဝယ်ပေးနော် ...။'

ယွီ့ကျင်း ရှောင်း အဲ့လို ပြောမယ်ဆိုတာ သိပြီးသား ဖြစ်တာကြောင့် မျက်နှာ သေ နဲ့ ကြည့်လိုက်ပြီး ...

' တော်ပြီလား ... အဲ့တံဆိပ်ထဲက နာရီ တွေ ဘာတွေကော ထပ်ဝယ်အုံးမလား။'

' နာရီ ပါ ရှိတာလား !!!!'

ယွီ့ကျင်း ရွဲ့ပြောမိတဲ့ သူ့ ပါးစပ် သူပဲ ပြန်ရိုက်ချင်တော့သည်။

' Apple မှာ နာရီ လည်း ရှိပါတယ်။ ပြပေး မယ်နော် ...။'

' ပြလိုက်။ သူ့ကို အကုန် ပြပေးလိုက်။'

What's wrong? ( Completed )Where stories live. Discover now