Ep - 22

411 36 4
                                    

ကမ္ဘာပေါ်မှာ အထပ်မြင့် အဆောက်အဦးတွေ ရှိနေတာ မဆန်းပဲ မရှိတဲ့ နိုင်ငံမှာသာ အဆန်း ဖြစ်နေတဲ့ ခေတ်မှာ ရေထဲလောက်မှာပဲ ကမ္ဘာပတ်နေရတဲ့ မုလုံ အတွက်ကတော့ မီးလင်းတဲ့ အဆောက်အဦး မှန်သမျှ ကြည့်စရာ ဖြစ်နေတယ်။

သူ့မှာ မစားဖူးတဲ့ အမဲသား ပြားကို တစ်ခါပဲ စားပြီး ထပ်မစားတော့ပါ။ အဲ့ဒါထက် လက်ထဲမှာ မကိုင်တတ် ကိုင်တတ်နဲ့ ကိုင်ထားတဲ့ ဝိုင် ခွက်ကို ကိုင်ရင်း ခေါင်မိုးထပ်မှာ ကာထားတဲ့ လက်ရန်းကို မှီပြီး မျက်စိ အစာကျွေးနေတယ်။

' ဟိုမှာ မီး ကို အရောင်စုံလိုက် လင်းလိုက် မှိတ်လိုက် ဖြစ်နေတဲ့ဟာက ဘာလဲ ...။'

' အဲ့ဒါ ပြင်သစ်က စျေးအကြီးဆုံး နိုက်ကလပ် ...။'

' နိုက်ကလပ် ဆိုတာကရော ဘာလဲ ...။'

ဟုန်လုံ သူ ဒီတစ်ယောက် နားမှာ နေတာ မှားပြီဆိုတာ ဒီစားသောက်ဆိုင် ရောက်ကတည်းက သိတာဖြစ်သည်။ ဒါပေမယ့် ခုထိ သူ ဘာလို့ ဒီ တစ်ယောက် အနား ဆက်ရှိပြီး ပေါက်ကရ မေးတာကို ဖြေပေးနေမိနေတာလဲ ဆိုတာကို သူလည်း မသိပါ။

.
.
.

' ရှောင်းကျန့် !!!!

ရှောင်းကျန့် !!!။'

ရှောင်းကျန့် အနီး အနား ရှိနေတာတောင် တစ်ခြား လူတွေပါ ကြားနိုင်တဲ့ အသံနဲ့ အော်နေတဲ့ မုလုံက သူ့လှည့်ကြည့်တော့ လက်ယပ် ပါ ခေါ်လာတယ်။

' လာအုံး ...။ ဒီကို လာကြည့် ...။'

ရှောင်းကျန့် သူ ထ လိုက်တော့ ရိပေါ် ပါ ထ လာတာကြောင့် ...

' ဘာလိုက်လုပ်မှာလဲ ...။'

' လိုက်တော့ ဘာဖြစ်လဲ ...။'

ရှောင်းကျန့် မျက်စောင်း တစ်ချက် ထိုး ပြီး ထ သွားလိုက်သည်။ ဝမ်ရိပေါ် ခေါင်းမာရင် သူ ဘာပြောပြော လေ ပဲ ကုန်တာလေ။

မုလုံ ရှောင်းကျန့် အနား ရောက်လာတာနဲ့ လက် ဆွဲလိုက်ပြီး ...

' ဟိုမှာ ... နိုက်ကလပ် တဲ့ ...။'

' ဘယ်သူ ပြောတာလဲ ...။'

' ဟုန်လုံ လေ ...။ သူ ပြောပြတာ။ ငါတို့ အဲ့ကို သွားကြည့်ရအောင် ...။'

What's wrong? ( Completed )Where stories live. Discover now