Ep - 4

442 39 1
                                    

လမ်းမ ပေါ် သွားနေတဲ့ ကား တစ်စီးထဲတွင် ကား ထဲက air con အေး နေသလောက် င်္အကျီ ကြားထဲမှာတောင် ချွေးတွေ စိမ့်နေကြတဲ့ လူ နှစ်ယောက် ရှိတယ်။

အနောက်ခန်းမှာ ထိုင်နေတဲ့ ယွီ့ကျင်းက ချွေးထွက်တာကို ရှာကြံ သုတ်လို့ ရပေမယ့် အရှေ့ ခေါင်းခန်းမှာ ထိုင်နေရတဲ့ ရှောင်းကျန့် ကတော့ ချွေးတွေ သုတ်ဖို့ နေ နေ သာသာ မျက်နှာတောင် မလှည့်ရဲပါ။ အရမ်း မျက်နှာတည်နေတဲ့ ဝမ်ရိပေါ် ဆိုတဲ့ လူ နဲ့ မျက်လုံးချင်း ဆုံမိမှာ စိုးလို့ပင်။

ရိပေါ် ကား ရဲ့ air con ကို ထပ်တိုးလိုက်ပြီး ဒက်ရှ်ဘုတ်ပေါ်က သူ့ဘက်ကို ရောက်နေတဲ့ သစ်ရှူးဘောက်စ် ကို အနည်းငယ် တွန်းပို့ပေးလိုက်သည်။

' သက်တောင့် သက်သာ နေပါ။ မင်း နဲ့ ကိုယ် လက်ထပ်ကြရမယ် ဆိုပေမယ့် ကိုယ်တို့က တစ်ယောက် အကြောင်း တစ်ယောက် မသိသေးဘူးလေ။ ပြီးတော့ ကိုယ့်ကိုယ်လည်း ကြောက်စရာ မလိုဘူး။'

ရှောင်းကျန့် သူ့ကို ကြည့်ပြီး ပြောလာတယ်ဆိုတာ လှည့်မကြည့်လည်း မျက်လုံးတောင့် ကနေ မြင်နေရတာကြောင့် ခေါင်း ညိတ်ပြပြီး သစ်ရှူး စ ကို ဆွဲထုတ်ပြီး မျက်နှာကိုရော လည်ပင်းတွေပါ ပွတ်သုတ်ပစ်လိုက်သည်။

ထိုစဉ် အနောက်က တစ်ယောက်ရဲ့ အသံ ထွက်လာသည်။

' ဟို ... မမလေး က တစ်ခါမှ ရည်းစား မထားဖူးသေးပဲ ခုလို မြန်မြန် လက်ထပ် ရမယ် ဆိုတော့ ရှက် နေတာ။ ကြောက်တာတော့ မကြောက်လောက်ပါဘူး။'

ရှောင်းကျန့် သူ့ကို ယွီ့ကျင်း က မမလေး တစ်ခါ ခေါ်တိုင်း ကြက်သီးတွေ ထ ထ လာတယ်။ အခုလည်း သူ ကိုယ်တိုင် မခံစားရတော့ သူများကို ချောက်ထဲ တွန်းပို့နေပြန်ပြီ။

' ဒါဆို အိမ်တော် မသွားခင် မင်း နဲ့ ကိုယ် အရင် ရင်းနှီးမှု ယူကြမလား ...။'

' ဟင် !!!!.'

ရိပေါ် သူ ပြောတာကို ဘာကို သဘောပေါက်သွားသည် မသိ မျက်လုံးတောင် အပြင်ထိ ပြူးထွက်လာတော့မယ့်အတိုင်းနဲ့ လန့် လာတဲ့ တစ်ယောက် ကို ကြည့်လိုက်ပြီး ...

' ဒီလိုလေ ... မင်း နဲ့ ကိုယ် က ခုမှ တွေ့ဖူးကြတာလေ။ အဲ့ဒါကြောင့် တစ်ယောက် အကြောင်း တစ်ယောက် ပိုသိအောင် အရင် မိတ်ဆက်သင့်တယ် မဟုတ်ဘူးလား ...။'

What's wrong? ( Completed )Where stories live. Discover now