Ep - 6

443 38 1
                                    

ကောင်းကင် ပြာပြာကြီးက အရမ်းလှပပြီး တိမ်တွေ ကင်းစင်နေသလောက် နေမင်းကြီးကတော့ အစွမ်းကုန် တောက်လောင်နေတယ်။

ဒါပေမယ့် ဘာတွေ ဘယ်လောက်ပဲ ပြင်းထန်နေပါစေ၊ ဒီနေ့ အဖို့တော့ ဝမ် သခင်လေးရဲ့ ရင်ထဲက မီးတောက်ကို ဘယ်အရာကမှ မကျော်လွန်နိုင်ပါ။

သူ့မှာ တင်းခံ ထားရလို့ မေးရိုးတွေတောင် ထောင်ကားလာနေရပြီ ဖြစ်သည်။

အဲ့ဒါကို ဥာဏ်ထက်တယ် ဆိုတဲ့ ရေသူထီးလေး ကတော့ တလွှဲတွေးပါတယ်။

ရှောင်းကျန့် သူ လက်မောင်း ကိုင်ထားတာကို ဝမ် သခင်လေး မကြိုက်လို့ စိတ်အရမ်းတိုပြီး စကားတောင် မပြောနိုင်ပဲ မေးရိုးတွေ ထောင်လာတယ် ထင်ပြီး ကျေနပ်နေရှာတာ။

ရှောင်းကျန့် စိတ်ထဲ ကြိတ်ရယ်လိုက်ရင်း တစ်ဖက်က လက်မောင်း ကိုင်ထားတာ မလွှတ်သေးပဲ ကျန် လက်တစ်ဖက်က ဝမ် သခင်လေးရဲ့ ပါး ကိုပါ ထပ်ပြီး ညစ်လိုက်ပြန်သည်။

' ကိုကို ကလည်း ... ဘာလို့ မျက်နှာတည် ဖြစ်နေတာလဲ ...။ မဟုတ်လည်း ကျနော် တို့က နောင်တစ်ချိန် လက်ထပ် ရမှာပဲလေ။'

ရှောင်းကျန့် ပြောရင်း ဆိုရင်း ဝမ် သခင်လေးရဲ့ လက်မောင်း မှာ သူ့ ပါးကို အပ်လိုက်ပြီး မျက်လုံးကို ပုတ်ခတ် ပုတ်ခတ် လုပ်လိုက်သည်။

ရိပေါ် သူ့ကို ဒီထက်သာ ထပ်ပြီး ခပ်ချွဲချွဲ လုပ်ပြလာရင် သူ သီးခံနိုင်မှာ မဟုတ်တော့ပါ။ အဲ့ဒါကြောင့် အသံ မတုန်အောင် ထိန်းပြီး ပြောလိုက်သည်။

' မင်း ... တော်လို့ ရပြီ။ မဟုတ်ရင် မင်း လုပ်ရပ်ကြောင့် ဒီနေ့ ဒီ အိမ်ရှေ့မှာပဲ အကုန်လုံး ကျောက်ရုပ် ဖြစ်သွားလိမ့်မယ်။'

' ဟွန့် !!!.'

ဝမ် သခင်ကြီး သူ့ မြေးရဲ့ စကားကြောင့် ကလေးမလေး ရှက်သွားမှာ စိုးပြီး သူကပဲ အလောတကြီး ဝင်ပြောလိုက်သည်။

' ကဲ ... ကဲ ... အိမ်ထဲ ဝင်ကြတော့ ...။ နေက အရမ်းပူနေပြီ။'

ဒီတစ်ခါတော့ အကုန်လုံးထက် အရင် မျက်နှာ နီပြီး ဝမ် သခင်လေးကပဲ ခြေလှမ်း အကျဲကြီးနဲ့ အိမ်ထဲကို ဝင်သွားပါတယ်။

What's wrong? ( Completed )Where stories live. Discover now