Ep - 9

439 34 2
                                    

ရှောင်းကျန့် ဝမ်ရိပေါ် ကို တွေ့ပြီးတာနဲ့ တန်း ထွက်ပြေးလာတာ ဘယ်လိုကနေ ဘယ်လို ယွီ့ကျင်း ရှေ့ကို ပြန်ရောက်လာတာလဲတောင် မသိပါ။

' ရှောင်း ... ပြန်လာပြီလား။ ငါက နင် မစားတော့ဘူး ထင်ပြီး ဗိုက်ဆံတောင် ရှင်း လိုက်ပြီ။'

ရှောင်းကျန့် ပိုက်ဆံ ရှင်းပြီး သွားပြီဆိုတဲ့ ယွီ့ကျင်း ကြောင့် ဘာမှ မပြောပဲ သူ ဝယ်ထားတဲ့ ပစ္စည်း အိတ်တွေရယ် ယွီ့ကျင်း ရယ် ကို ဆွဲပြီး ဆိုင်ထဲက အမြန်ထွက်လာလိုက်သည်။

' ရှောင်း ... ဘာတွေ ဖြစ်လာတာလဲ။ အခုကကော ငါ့ကို ဘယ်ခေါ်သွားနေတာလဲ။'

ရှောင်းကျန့် နည်းနည်း ကွယ်တဲ့ နေရာ ရောက်လာတော့မှ ယွီ့ကျင်း ရဲ့ လက်ကို လွှတ်ပြီး ဟိုဟို ဒီဒီ ကြည့်ရင်း ...

' ငါ အိမ်သာ တောင် မတက်ခဲ့လိုက်ရဘူး။ အိမ်သာ ဝင်ပေါက်မှာ ဝမ်ရိပေါ် ကို တွေ့လို့ ပြန်ပြေးလာရတာ။'

' ဘယ်လို !!!! ဝမ်ရိပေါ် လည်း ဒီကို ရောက်နေတာလား။'

' အေး ... ဟုတ်တယ်။ ဘာလာလုပ်တာလဲ မသိဘူး။ အခုလည်း ဘယ် အထပ်တောင် ရောက်နေမလဲ မသိဘူး။'

အဲ့တော့မှ ယွီ့ကျင်း လည်း မျက်လုံးပြူးထွက်မတတ် ဟိုဟို ဒီဒီ လိုက်ရှာကြည့်သည်။

' ဟိုမှာ ...။'

ရှောင်းကျန့် လည်း ယွီ့ကျင်း ပြတဲ့ နေရာကို ကြည့်တော့ ခုန သူ အိမ်သာ နားမှာ တွေ့တဲ့ ပုံစံ အတိုင်းနဲ့ တကယ်ပဲ ဝမ်ရိပေါ် ဖြစ်နေတယ်။

အခုလည်း ဘယ်ကို မသိ သွားနေတယ်။ ဘေးတွေကို တစ်ချက်တောင် လှည့်မကြည့်ပါ။

' ယွီ့ကျင်း ဘယ်လို လုပ်မလဲ ...။'

' နင်တို့ ခုန မျက်နှာချင်းဆိုင် တွေ့ခဲ့တာလား။'

' ဟုတ်တယ်။ ဒါပေမယ့် သူ အလျင်လိုနေတော့ ငါ့ကို သေချာ အကဲ မခတ်မိဘူး ထင်တယ်။ ငါလည်း သူ့ကို မြင်ပြီး သူ ငါ့ကို မှတ်မိမှာ ကြောက်နေတာနဲ့ အရူးလို ဘာတွေ လျှောက်ပြောမိလိုက်မှန်းတောင် မသိဘူး။'

ယွီ့ကျင်း ရှောင်း ပြောတာကို နားထောင်လိုက်ပြီးမှ ဝမ်ရိပေါ် သွားတဲ့ ဘက်ကို ကြည့်လိုက်ပြီး ...

What's wrong? ( Completed )Where stories live. Discover now