Ep - 29

329 20 4
                                    

ဝမ်သခင်မကြီး သူ့ကိုကျ ထားပြီး သူတို့ကပဲ မိသားစုဝင်တွေလို ၄ ယောက်သား စကားတွေ ပြောနေကြတဲ့ အခန်းထဲကို ကြည့်ပြီး မျက်စောင်းထိုးလိုက်၊ နည်းနည်း ပါးပါး ကြားရလို ရငြား အနားကို သွားပြီး ဟိုဟို ဒီဒီ လျှောက်လိုက် လုပ်နေသည်။

' သခင်မကြီး တစ်ခုခု သောက်မလား ...။'

ဝမ် သခင်မကြီး သူ့ အနောက်နားကနေ ထွက်လာတဲ့ အသံကြောင့် မကြည်နေတဲ့ မျက်နှာနဲ့ လှည့်ကြည့်ပြီးမှ ခုန သူ့ကို ပြောတဲ့ တစ်ခုခု သောက်မလား ဆိုတဲ့ စကားကို ပြန်ကြားပြီး အတွေး တစ်ခု ရသွားသည်။

~~~~~~~

ဟော်ရှင်း လေးလေး ရိပေါ် ပြောနေတုန်းကရော ပြောပြီးတဲ့ အချိန်ထိရော သူနဲ့ လေးလေး ရှောင်း ကို အထူးအဆန်း လို ကြည့်နေတဲ့ တရုတ်က ဖိုးဖိုးကြီး ကြောင့် ကြောက်လာပြီး လေးလေး ရှောင်းရဲ့ အနောက်ကို ရွှေ့ပြီး ကိုယ်ကို ကွယ်လိုက်သည်။

ရိပေါ် သူ့ရဲ့ လက်ကို ဖိဆုပ်လာတဲ့ ရှောင်း ကြောင့်ရော ကြောက်နေပုံ ရတဲ့ ဟော်ရှင်းကြောင့်ရော ဖိုးဖိုး ကို ကြည့်ရင်း စကား ပြောဖို့ ခေါ်လိုက်သည်။

' ဖိုးဖိုး ...။'

ဒါပေမယ့် ခေါ်ရုံပဲ ခေါ်ရရုံ ရှိသေး သူ ပြောမယ့် စကားဆို ကြိုကြို သိနေတဲ့ ဖိုးဖိုး က လက်ကာ ပြလာသည်။

' ငါ့ရဲ့ ရင်ထဲက စကားကို ပြောရမယ်ဆိုရင်တော့ ဒါက လက်ခံ ရခက်တဲ့ ကိစ္စပဲ။ ငယ်ငယ် ကနေ ခုထိ ငါတို့ လူသားတွေက ရေသူထီး ရေသူမ တွေနဲ့ အတူ ရှင်သန်ပြီး နေထိုင်နေကြတယ်ဆိုတာ မသိခဲ့ဖူးဘူး။'

' ဒါဆို ဖိုးဖိုး ပြောချင်တာက ...။'

ဝမ်သခင်ကြီး သူတို့နဲ့ မျိုးမတူပေမယ့် တစ်ယောက်ကလည်း အရင်က သူ့မြေးအကြီးရဲ့ သွေးသားတောင် ဖြစ်နေခဲ့ပြီး နောက်တစ်ယောက် ကလည်း သူ့မြေး အငယ်နဲ့ ထပ်ပတ်သက်နေပြီ ဖြစ်တဲ့ ကောင်လေး ကို တစ်ယောက်ချင်းစီ ကြည့်လိုက်ပြီး ...

' ပတ်သတ်မှုတွေက ဖြတ်တောက် ရ ခက်နေတဲ့ အခြေနေ ဖြစ်နေပြီဆိုမှ ဖိုးဖိုး က ဘာပြောရမှာလဲ ...။'

ရိပေါ် နဲ့ ရှောင်းကျန့် ကြားလိုက်ရတဲ့ စကားကြောင့် တစ်ယောက် လက် တစ်ယောက် ကိုင်ပြီး ကြည်နူးနေတုန်း ...

What's wrong? ( Completed )Where stories live. Discover now