Ep - 16

421 34 3
                                    

စားသောက်ဆိုင် တစ်ဆိုင်ထဲမှာ နိုင်ငံခြားသားတွေရဲ့ ထုံးစံအတိုင်း နဂိုတည်းက တိတ်တိတ် ဆိတ်ဆိတ် နဲ့ ကိုယ့်စားပွဲဝိုင်းနဲ့ကိုယ် စားသောက်နေကြပြီး ပတ်ဝန်းကျင်ကို သိပ်ဂရုမစိုက်တတ်ကြဘူး။

အဲ့ဒါကို ပြင်သစ် ကို လာလည်ကြတဲ့ တရုတ် လူမျိုးလေးတွေကလည်း အခုချိန်မှာ အဲ့ဒီ အခြေနေတိုင်း လိုက်နေကြပါတယ်။

ရှောင်းကျန့် ၊ ရှဲန့်မု ၊ မုလုံ တို့ ၃ ယောက်ရဲ့ အာရုံက ဖုန်း ပွတ်နေတဲ့ ယွီ့ကျင်း ဆီမှာ စုပြုံနေကြတယ်။

ထိုစဉ် ...

' တင်း တင် ... တင်း တင် ...။'

' ဟင် ???!.'

ရှောင်းကျန့် ရုတ်တရက်ကြီး သူ့ဖုန်းက မြည်လာတာ ဖြစ်တာကြောင့် တစ်ချက်တုန် သွားခဲ့သည်။

ဖုန်းကို ယူကြည့်တော့ နေ့ခင်းကမှ ဖုန်းနံပတ်ချင်း လဲ ထားတဲ့ သူ့ တူလေး ဆီက ...

ယွီ့ကျင်း သူ့မှာ ဘယ်သူ့ပုံ ရှာရမလဲ စဉ်းစားရင်း အချိန်ဆွဲပြီး ဖုန်း ကို ဟိုပွတ် ဒီပွတ် လုပ်နေတုန်း ရှောင်း ရဲ့ ဖုန်း မြည်လာတာကြောင့် ...

' ဘယ်သူ့ ဆီကလဲ ...'

' ငါ့ တူလေး ...။'

' တူလေး ????.'

မုလုံ တူလေး ဆိုတဲ့ အသံနောက် သံယောင် လိုက်ပြောလိုက်ပြီး ...

' မင်း မှာ ဘယ်တုန်းက တူလေး ရှိသွားတာလဲ ...။'

' ငါ့ ... ငါ့ ယောကျာ်းရဲ့ တူ ...။'

မုလုံ ဒီတစ်ခါတော့ တကယ်ကြီးလား ဆိုတဲ့ မျက်လုံးနဲ့ ရှောင်းကျန့်ကို ကြည့်လိုက်ပြီး ...

' မင်း တကယ်ပဲ ယောကျာ်း ရှိနေတာလား ...။'

ရှောင်းကျန့် ဟုတ်တယ်လည်း ထပ်မပြော၊ မဟုတ်ဘူးလို့လည်း မငြင်းပဲ မြည်နေတဲ့ သူ့ ဖုန်းကို ထောင်ပြလိုက်ပြီး ...

' ငါ ... ဖုန်း ခဏ သွားပြောအုံးမယ် ...။'

' နေအုံး !!!!.'

ရှောင်းကျန့် ထ ထွက်မလို လုပ်နေပြီကို သူ့လက်ကို လှမ်းဆွဲပြီး ခေါ်လိုက်တဲ့ မုလုံ ကြောင့် ငဲ့ ကြည့်လိုက်ပြီး ...

What's wrong? ( Completed )Where stories live. Discover now