Ep - 11

438 30 1
                                    

သစ်လုံးအိမ်ရဲ့ အခန်း တစ်ခန်းထဲတွင် ...

ယွီ့ကျင်း သူ့မျက်စိရှေ့ မြင်လိုက်ရတဲ့ မိန်းကလေးကြောင့် လက်ညိုးထိုးလိုက်ပြီး ဘယ်သူလဲ မေးမလို့ လုပ်တုန်း ...

' နင် ...။'

' အု ... အု ...။'

ရှောင်းကျန့် ယွီ့ကျင်းရဲ့ လက်ညိုးကို အမြန်ပြန်ကွေးလိုက်ပြီး လက်တစ်ဖက်ကလည်း အလွန်အကျွံ ပြောထွက်တော့မယ့် ပါးစပ်ကို အမြန်အုပ်လိုက်သည်။

သူတို့နှစ်ယောက်တည်း ရှုပ်ယှက်တွေ ခတ်နေစဉ် ခုန အိမ်ကြီးရှင်လို ထိုင်နေတဲ့ မိန်းကလေး က ထ ပြီး သူတို့ အနား လျှောက်လာသည်။

အဲ့မိန်းကလေး အနား ရောက်လာတာနဲ့ ရှောင်းကျန့် ဆီက မထင်မှတ်ထားတဲ့ အသံ ထွက်လာသည်။

' မင်းသမီး !!!!.'

ယွီ့ကျင်း ခုထိ ပါးစပ်ကို လက်နဲ့ ပိတ်ခံထားနေရတာကြောင့် အခု ရှောင်း ဆီက မထင်မှတ်တာ ကြားလိုက်ရတာတောင် မျက်လုံး ပြူးရင်းပဲ အံ့ဩနိုင်ပြီး အသံတော့ မထွက်လိုက်နိုင်ပါ။

' ဟုတ်တယ်။ ငါ ...။ နင် က ငါ့ကို ရှောင်ပြေးချင်ပေမယ့် ကြည့်ရတာ ကံကြမ္မာက ငါတို့က ဖူးစာဆိုတာ အမှန်ပြပေးချင်လို့ ငါ့ကို နင် ရှိတဲ့ နေရာ ဆီ ဆိုက်ဆိုက် မြိုက်မြိုက် ပို့ပေးလိုက်တာ ဖြစ်မယ်။'

ဒီတစ်ခါတော့ ယွီ့ကျင်း ရှောင်း ရဲ့ လက်ကို ဆွဲခွါပြီး လွှတ်အောင် ရုန်း လိုက်သည်။

' ဒါဆို နင်ကလည်း ရေသူမ ပေါ့။'

ယွီ့ကျင်း သူ့ကို သိပ်မအံ့ဩတဲ့ မျက်နှာ ကြည့်လာတဲ့ တစ်ယောက်ကို သူကလည်း မကြောက်ပဲ ထပ်ပြောလိုက်သည်။

' ပြီးတော့ ငါ့အခန်းထဲက ရေချိုးကန် ထဲက ထွက်လာတာ မလား။'

ရှောင်းကျန့် မင်းသမီး ရဲ့ ပါးစပ်က ဘာမဆို မထွက်ရဲတာ မရှိတာ သိထားတာကြောင့် အကြောင်း မသိပဲ ပြောရဲ ဆိုရဲနေတဲ့ ယွီ့ကျင်း ရဲ့ အနားကို ပြန်ကပ်ပြီး လက်ကို ဆွဲရင်း ...

' ယွီ့ကျင်း ... တော်တော့။'

မင်းသမီး သူ့အရှေ့မှာ ပူးကပ်နေတဲ့ နှစ်ယောက်ကြောင့် မျက်ဝန်းတွေ မှေးကျဉ်းသွားပြီး ကပ်နေတဲ့ နှစ်ယောက်ရဲ့ ကြားထဲ ဝင်ပြီး အကွာအဝေး ယူလိုက်သည်။

What's wrong? ( Completed )Where stories live. Discover now