Ep - 21

400 17 5
                                    

ပြင်သစ်မြို့ရဲ့ နေဝင်ဆည်းဆာသည်လည်း လှပတဲ့ ရှူခင်းများစွာထဲက တစ်ခု ဖြစ်သည်။ တိုက်မြင့်ကြီးတွေ ကြားထဲကနေ ဖြတ်မြင်နေရတဲ့ နေ မဝင် တဝင် အနေထားဟာ ဓာတ်ပုံ ရိုက်ရတာ ဝါသနာ ပါတဲ့ သူ အတွက်တော့ စိတ်ကျေနပ်စရာ မြင်ကွင်းမျိုးပဲ ဖြစ်သည်။

ဒါပေမယ့် ကမ္ဘာကြီးမှာ လှပတဲ့ အရာတွေ ရှိသလို၊ မပြည့်မစုံနဲ့ လိုအပ်ချက်တွေ များစွာ ရှိနေတဲ့ အရာလည်း ရှိတာပါပဲ။

လူသားတွေ မှာလည်း ဆင်းရဲတဲ့ လူတွေက ဘဝအတွက် ရှာဖွေဖြည့်ဆည်းကြရသည်။ ဒါပေမယ့် တစ်ချို့က ဆင်းသာ ဆင်းရဲတာ။ စိတ်ချမ်းသာပြီး ပျော်ရွှင်နေကြတာလည်း အများကြီးပါပဲ။

ချမ်းသာတဲ့ လူတွေကသာ တစ်ချို့မှာ ပိုက်ဆံပဲ ရှိပြီး စိတ်ဆင်းရဲနေရတာလည်း ရှိသည်။ ဘာကြောင့်လည်းဆို တစ်ချို့မှာ ကုရခက်တဲ့ ရောဂါဝေဒနာ စွဲကပ်နေတာကြောင့်ပင်။

အဲ့လိုပဲ ခမ်းနားကြီးကျယ်တဲ့ အိမ် တစ်အိမ်တွင်လည်း အခန်းတစ်ခန်း အတွင်းရဲ့ ကုတင်ပေါ်မှာ အသက် ၅၀ အရွယ် အမျိုးသမီး တစ်ယောက် လှဲလျောင်းနေတယ်။

မျက်လုံး မှိတ်ရင်း အိပ်ပျော်နေတဲ့ လူလို အမျိုးသမီးရဲ့ လက် တစ်ဖက်ကိုတော့ သူ့သား အကြီးက ကိုင်ထားပြီး သူမ ကို နှစ်သိမ့်နေတယ်။

' မာမီ ... အချိန်နည်းနည်းပဲ ထပ်စောင့်ပေးပါ။ ကျနော် မာမီ့ ကို အရင်လို ပြန်ဖြစ်အောင် ကုပေးနိုင်တော့မှာပါ။ ကျနော့် ကို အချိန်နည်းနည်းပဲ ထပ်ပေးပါ။'

ထိုစဉ် ...

!!!! ကလစ် !!!!

တံခါး ဖွင့်သံနဲ့အတူ ...

' ကိုကြီး ...။'

' ကင်း ... ပြန်ရောက်ပြီလား ...။'

' မာမီ အခြေနေ ဘယ်လိုလဲ ... အရင်နေ့တွေ အတိုင်းပဲလား ...။'

ဒီမွန် အနား ရောက်လာပြီး ကုတင်မှာ ဖင် တခြမ်း ဝင်ထိုင်ရင်း မေးလာတဲ့ သူ့ညီလေးရဲ့ ပေါင်ကို နှစ်ချက် ပုတ်လိုက်ရင်း ...

' အင်း ...။ မာမီ့ အခြေနေက သူ့ ဆေးနဲ့ မတည့်သေးတော့ အရင်အတိုင်းပဲ ဖြစ်နေတာ။ ဒါပေမယ့် ကိုကြီး မှာ မာမီ့ ကို အရင်လို ပြန်ကုပေးနိုင်မယ့် အခြေနေ ရှိနေပါပြီ။ ဖြစ်လာအောင်လည်း ကိုကြီး ကြိုးစားမှာပါ။'

What's wrong? ( Completed )Where stories live. Discover now