Ep - 12

455 31 0
                                    

ပြင်သစ် လေဆိပ်တွင် ...

ရိပေါ် သူ လေယာဉ်ဆိုက်လို့ ဆင်းလာတော့ ဧည့်သည်တွေ ကြိုတဲ့ နေရာမှာ ဟော်ရှင်း က သူ့နာမည် ရေးထားတဲ့ ဘန်နာ ကိုင်ပြီး စောင့်နေတာ တွေ့လိုက်ရသည်။

ဟော်ရှင်း သူ့ ဦးလေး ထွက်လာတာ မြင်တာနဲ့ လက်ထဲမှာ ကိုင်ထားတဲ့ ဘန်နာ နဲ့ ဝေ့ရမ်းပြပြီး ပြေးသွားလိုက်သည်။

' လေးလေး ...။'

ရိပေါ် သူ့လက်မောင်းကို လာတွဲခိုပြီး အပျော် လေသံနဲ့ ခေါ်လာတဲ့ ဟော်ရှင်း ရဲ့ ခေါင်းကို ပွတ်ပေးလိုက်ပြီး ...

' လာမကြိုလည်း ရတယ်လို့ ပြောရဲ့သားနဲ့ကို ...။ ခုတော့ ကျောင်းလည်း ပျက်ရပြီ မလား။'

' လေးလေး က ကြိုမပြောပဲ ကျနော့် ဆီ လာတော့ ပျော်လို့လေ။'

ဟော်ရှင်း ပြောရင်းနဲ့ လေးလေး ဘေးမှာ ချထားတဲ့ အဝတ်သေတ္ထာကို မြင်ပြီး ပိုတောင် ပြုံးသွားရသည်။

' ဒီတစ်ခါ လေးလေး အကြာကြီး လာနေမှာ မလားဟင်?.'

' အင်း ... ပြီးတော့ ပြန်ရင် မင်း ကိုပါ ခေါ်သွားမလို့ စဉ်းစားထားတယ်။'

' ဗျာ !!!!.'

ရိပေါ် မျက်လုံးတွေ ပြူးသွားတဲ့ ဟော်ရှင်း ကို ကြည့်ပြီး ပြုံးလိုက်ရင်း ...

' ဘာလဲ ... မလိုက်ချင်တော့ဘူးလား။'

' ဟင့်အင်း ...။ လိုက်ချင်တယ်။ အရမ်းကို လိုက်ချင်တယ်။'

' အိုခေ ...။ ဒါဆို ဒီတစ်ခါ ပေကျင်း ကို အတူတူ ပြန်ကြမယ်။ ဒါပေမယ့် ပြင်သစ်မှာ အချိန်တစ်ခုလောက် နေမှ ဖြစ်မှာ။'

ဟော်ရှင်း ခုချက်ချင်း မပြန်ရဘူးဆိုတော့လည်း မျက်နှာ ပြန်ငယ်သွားရသည်။

' ဘာလို့လဲ ...။ ဘာလို့ အချိန်ဆွဲနေရမှာလဲ ...။'

ရိပေါ် သူ့အိတ်ကို ဘေးမှာ ရပ်နေတဲ့ ဟုန်လုံ ဆီ တွန်းပေးလိုက်ပြီး သူကတော့ ဟော်ရှင်း ကို ပုခုံးဖက်ရင်း ထွက်လာလိုက်သည်။

' အချိန်ဆွဲမှ မင်း ကို ခေါ်သွားလို့ ရမှာလေ။ အခု ဖိုးဖိုး က ငါ့ကို အသဲကွဲလို့ ငါ ပြင်သစ်မှာ အပန်း လာဖြေတယ်လို့ ထင်နေတာ။ အဲ့ဒါကြောင့် ငါက ငါ ခုလို ငါ့စိတ်ကို ပြန်ပြင်ဆင်တဲ့ချိန်မှာ မင်း ကို တွေ့ပြီး မွေးစားလိုက်သလို ပုံစံ လုပ်မှာ။ အဲ့ဒါမှ မင်းလည်း တရုတ်ကို ဆင်ခြေတွေ ပေးစရာ မလိုပဲ လိုက်လို့ ရသွားမှာ။'

What's wrong? ( Completed )Where stories live. Discover now