Ep - 2

733 46 1
                                    

နံနက်ခင်း အချိန်ခါ ဝမ် အိမ်တော်တွင် သခင်ကြီး နဲ့ သခင်မကြီး တို့ ခြံထဲမှာ ကိုယ်လက် လေ့ကျင့်ခန်း လုပ်နေကြတယ်။ သခင်ကြီးသည်လည်း အသက် ၇၀ ကျော်နေပြီဆိုပေမယ့် နဂိုတည်းက ကျန်းမာရေး လိုက်စားသူ ဖြစ်တာကြောင့် ကျန်းမာ သန်စွမ်းနေတုန်း။

' သခင်ကြီး !!!!.'

' ဘာတုန်း ...။ မင်း မလဲ ... မမော မပန်းတတ်ဘူးလား။ လေ့ကျင့်ခန်း လုပ်နေတာတောင် စကားကလည်း များနေလိုက်တာ ...။'

' ရှင့် ကို ကျမ က အကြံဥာဏ် ပေးမလို့ပါ။'

သခင်ကြီး သူ့မိန်းမ ဘက်ကို လှည့်မကြည့်ပဲ ရှေ့ တည့်တည့် ကြည့်ပြီး လုပ်နေရင်း ...

' ဘာ အကြံဥာဏ်လဲ ...။ မြေး ရိပေါ် နဲ့မှ ပတ်သက်ရဲ့လား ...။'

' ဒါပေါ့။ ခုချိန် ပြောစရာ ဆိုလို့ သူ့ကိစ္စပဲ ရှိတာကို ...။'

' ပြောကြည့်လေ ...။'

သခင်မ ပြောဖို့ ခွင့်ပြုချက် ရတာနဲ့ လုပ်နေတာ ရပ်ပြီး ခြံထဲမှာ ချ ထားတဲ့ စားပွဲခုံ ဖြူဖြူမှာ အရင် သွားထိုင်လိုက်သည်။ ပြီးမှ သူ့ယောကျာ်း ဆီကို လှမ်းကြည့်ပြီး ...

' ရှင် လည်း လာထိုင်လေ။ ကျမ က သေသေ ချာချာလေး ပြောချင်တာ ...။'

သူ ပြောတာကို သူ့ ယောကျာ်းက အဖက်မလုပ်တာ တွေ့ရတာကြောင့် ပြန် ထ ပြီး သွားဆွဲခေါ်လာလိုက်သည်။

' လာ ... ပါဆို ...။'

သခင်ကြီး မသက်မသာ နဲ့ ထိုင်လိုက်ပြီး ...

' ကဲ ... ပြော ... ဘာပြောမှာလဲ ...။ အသုံးမဝင်တာ ပြောလို့ ကတော့ မင်း မှာထားလို့ ပိုက်ဆံ မချေရသေးတဲ့ ပစ္စည်းတွေ အတွက် ဘာမှ မရတော့ဘူး မှတ် ...။'

သခင်မ နှုတ်ခမ်းကို မဲ့ရွဲ့လိုက်ပြီး ...

' ကျမ ပြောချင်တာက ဒီလိုလေ ... ရိပေါ် နဲ့ ဟိုဘက်က မိန်းကလေးကို လက်မထပ်ပေးခင် ဒီအိမ်ကို အရင် ခေါ်လိုက်ပြီးမှ ဝမ် အိမ်ရဲ့ စည်းကမ်းတွေ နေထိုင်မှု ပုံစံတွေ သင်ပေးရင် မကောင်းဘူးလားလို့။ ဘာလို့ဆို ကောင်မလေးက အရမ်းငယ်ပြီး ဒီနှစ်မှ ကျောင်းပြီးမှ ဆို။ ပြီးတော့ ရိပေါ် နဲ့ ကောင်မလေး နဲ့ကလည်း တစ်ယောက် အကြောင်း တစ်ယောက် ပိုသိအောင် လေ့လာလို့ ရသွားတာပေါ့။ မဟုတ်ရင် ရှင့်ရဲ့ မြေး အကြီးလို ...။'

What's wrong? ( Completed )Onde as histórias ganham vida. Descobre agora