Ep - 20

497 33 3
                                    

အိမ် တစ်အိမ်ထဲတွင်တော့ မုလုံ တစ်ယောက် ရေထဲမှာနေပြီး အိမ်ဆိုတာမျိုး သက်သက်ကြီး မနေဖူးသူပီပီ လူသားတွေ နေတဲ့အိမ် ရောက်လာပြီး အိမ်ထဲမှာ ရှိတဲ့ လူသားတွေရဲ့ အသုံးအဆောင်တွေ မြင်လိုက်ရတော့ မြင်မြင်သမျှ ထူးဆန်းနေပါတော့သည်။

သူ ကြည့်တဲ့နောက်မှာ ကိုင်ပြီး ပြန် ပြန်ချထားတဲ့ ပစ္စည်းတွေ ကျမှာ စိုးလို့ ဟုန်လုံ က နောက်ကနေ လိုက်ထိန်းပေးနေရသည်။

' ဒါ ... ဘာလဲ ...။'

' အဲ့ဒါ နိုင်ငံပေါင်းစုံရဲ့ ကိုယ်ပိုင် အမှတ်လို့ ပြောလို့ ရတဲ့ အမှတ်တရ ရုပ်ထုတွေ ...။'

မုလုံ မှန်ဗီဒိုထဲမှာ ထည့်ထားတဲ့ မျက်နှာနဲ့ လူရုပ်ပုံစံတွေ၊ နာရီစင် သေးသေးလေးတွေ၊ ခြင်္သေ့ခေါင်းက ရေထွက်နေတဲ့ ပုံစံတွေ ...

ဗီဒို တစ်ခုလုံး ပတ်ကြည့်တော့မှ တစ်ထပ်မှာတော့ အဝိုင်းပုံစံ အဆောက်အဦးက တည့်တည့်ကြီး ထောင်မတက်ပဲ ခပ်စောင်းစောင်း ဖြစ်နေတာ ကြည့်ရင်း ဖင်ပြန် ခေါင်းပြန်နဲ့ ခေါင်းပါ လိုက်စောင်းပြီး ကြည့်နေမိသည်။

~~~~~~~~

ရိပေါ် သူ့အိမ်ကို အထူးအဆန်းလို လုပ်နေတဲ့ တစ်ယောက်ကို ကြည့်ပြီးမှ ရှောင်း ဘက်ကို ပြန်ကြည့်ရင်း ...

' သူကလည်း မင်း နဲ့ အတူတူပဲလား ...။'

' ဟုတ်တယ် ...။ အတူတူပဲ။ ကျနော် တို့က ရေထဲက လာကြတာ ...။ အဲ့ဒါကြောင့် လူသား တွေ ကြားထဲမှာ ကြာကြာနေလို့ မရဘူး။'

ရိပေါ် သူ့ အနားက ထွက်ပြေးချင်လို့ အဆောတလင် ပြောလာတဲ့ ရှောင်း ကို ကြည့်ပြီး ပြုံးလိုက်ရင်း ...

' ဘာလို့ နေလို့ မရ ရမှာလဲ? ဟော်ရှင်း ဆို ငယ်ငယ်ကနေ ခုထိ လူသားတွေ ကြားမှာပဲ နေလာတာ။'

' နေ ... နေလို့ကတော့ ရတယ်။ ဒါပေမယ့် လူတွေ ငါ့အကြောင်းသိသွားရင် ဒုက္ခရောက်မှာ။'

ရိပေါ် သူက အမှန်ကို ထောက်ပြတော့မှ ထစ်ငေါ့စွာ ပြန်ပြောလာတဲ့ ရှောင်း ကို ပိုပြီး သဘာကျစွာ ပြုံးရင်း ရှောင်း ထိုင်နေတဲ့ ဘက်ကို လာထိုင်ပြီး ရှောင်း ရဲ့ လက်ကို ဆွဲယူရင်း သူ့လက်နှစ်ဖက်ထဲမှာ မြှုပ်နေအောင် အုပ်ကိုင်ထားလိုက်သည်။

What's wrong? ( Completed )Where stories live. Discover now