Part -1

14.7K 155 2
                                    

[ အပိုင်း-၁ ]

"Congratulation ပါ ဦးသတိုးမင်းဆက်"

"ဟုတ်ကဲ့"

အားလုံးကို ခေါင်းတစ်ချက်ငြိမ့်ပြ၍
သူ့ဖခင်ကို ကြည့်ကာ

"ဒယ်ဒီ ကျွန်တော်ပြန်တော့မယ်"

"အေးအေးဆေးဆေး
စကားပြောပြီးမှ ပြန်လေ သား"

"ကျွန်တော် အချိန်သိပ်
မရတော့လို့ Dad ပြီးတော့
၀င်စရာလေးလဲ ရှိသေးတယ်"

"အော် .... အချိန်မရဘူးဆိုရင်လဲ
သွားလေ သား"

အပြင်ဘက်ကို ထွက်သွားတဲ့သားကို
ကြည့်နေတုန်းမှာပဲ

"ဂုဏ်ယူပါတယ် ဦးမင်းဆက်
ခင်ဗျားမှာ ဒီလိုသားမျိုးရှိတာ
တကယ် အားကျတယ်ဗျာ"

Companyမှာ Product အသစ်
ထပ်တိုးချဲ့နိုင်လို့ သားဖြစ်သူအတွက်
ဂုဏ်ပြုပွဲလုပ်ပေးကာမှ ဒီကလေးက
သူ့Product မိတ်ဆက်ပွဲပြီးတာနဲ့
ပြန်သွားလေရဲ့ ...

အဖေအရွယ်တွေကတောင်
ဦးတပ်ခေါ်ရလောက်တဲ့အထိ
တည်ကြည်ပြတ်သားသော သားတစ်ဦးပင်

ငယ်စဉ်ကတည်းက
အဖိုးအဖွားများရှိရာ Landonသို့
ပို့ထားခဲ့ပြီး

Economist
(စီးပွားရေးဘွဲ့လွန် ပါရဂူဘွဲ့) ယူပြီးသည်နှင့်
ဖခင်ဖြစ်သူ ကျန်းမာရေးဖောက်သဖြင့်
မြန်မာပြည်သို့ပြန်ရောက်လာကာ
ဖခင်၏ ဥက္ကဌနေရာ ဆက်ခံပြီး
စီးပွားရေးလောကသို့ ၀င်ရောက်ခဲ့သည် ။

သတိုးမင်းဆက် လက်ထက်တွင်မှ
M&S Group ကြီးမှာတစ်ဟုန်ထိုး
တိုးတက်ပြောင်းလဲလာခြင်းပင်

"Md အခု ဘယ်ကိုအရင်မောင်းရမလဲ"

"Shopping Center အရင်မောင်း
ငါ၀ယ်စရာရှိတယ်"

"ဟုတ်"

🍁🍁🍁🍁🍁

"မေကြီးရေ ရာရာ့ကိုလေ
မုန့်ဖိုးလေး နဲနဲလောက်
ထပ်မတိုးပေးချင်ဘူးလား ဟင်"

"မိရာရာ အဲ့လိုလဲ
လုပ်လို့ရတာပဲလား"

"အာ မေကြီးကလဲ  ဒီနေ့က
မမရှင်နှောင်းမွေးနေ့လေ
အဲ့တော့ရာရာလဲ လက်ဆောင်
ကောင်းကောင်းလေးတော့
၀ယ်ပေးသင့်တယ် မဟုတ်ဘူးလား"

ဦးရဲ့အချစ်ခံ မဟေသီလေးWo Geschichten leben. Entdecke jetzt