Part -34

2.1K 25 0
                                    

[ အပိုင်း-၃၄ ]

"မတွေ့ဖြစ်တာတောင်
အရမ်းကြာပြီနော်
နေကောင်းလား မမာလာ"

"ကောင်းတယ် အခရာ
အစ်မလဲ မနေ့ကပဲတောင်ကြီး
ပြန်ရောက်လာတာ"

"ဟုတ်လား ရာရာကအပြင်မထွက်ဖြစ်တော့
မသိလိုက်တာထင်တယ်"

"အစ်မ ဖြစ်ခဲ့တာတွေအားလုံးကို
တောင်းပန်ချင်လို့ပါ"

"ရာရာအားလုံးကိုသင်ပုန်းချေလိုက်ပါပြီ
အခုချိန်မှာ ရာရာ့စိတ်ထဲဘာမှမရှိတော့ပါဘူး အစ်မ"

"ကျေးဇူးပါ အခရာ
အစ်မလဲ အဲ့အဖြစ်တွေပြီးကတည်းက
နောင်တရပြီး စစ်ကိုင်းတောင်မှာ
ဘုရားရိပ် တရားရိပ်နဲ့ပဲအေးချမ်းမှု
ယူနေခဲ့တော့တာလေ ...
အခု‌တော့မာမီကလဲ
အသက်ကြီးလာပြီ နောက်တစ်ခုက
ဦးဆက်ကိုယ်တိုင်က သူတို့မင်္ဂလာဆောင်ကို
တက်ပေးပါတဲ့လေ"

"ဟုတ်လား
ဦးက ရာ့ကိုတော့
ဘာမှမပြောပြဘူး အစ်မရဲ့"

ရာရာ အံ့ဩဟန်လေးနဲ့ပြောတော့

"မင်းက တကယ်ကံကောင်းတဲ့
မိန်းခလေးပါ အခရာ"

"ဘာလို့လဲ အစ်မ"

"မိန်းကလေးတစ်ယောက်ဟာ
ယောက်ကျားကောင်း ခင်ပွန်းကောင်းကိုရရင်လောကဘုရင်မပဲ ညီမလေး"

"ရှင်"

"မင်းကို ဦးဆက်က ပြောပြဖို့
စကားလုံးမရှိအောင်ကိုချစ်တာ"

ရာရာသိပါသည်။
ဦးဟာရာရာ့ကိုဘယ်လောက်ထိချစ်မှန်း
ရာရာသိပ်သိတာပေါ့ ...
သို့ပေသိ
အခုလိုအခြားတစ်ယောက်ရဲ့နှုတ်ကပါ
ရာရာဟာ ဘယ်လောက်တောင်အချစ်ခံရမှန်း
သိသာစေတာမို့ ဦးကိုသိပ်ကျေးဇူးတင်မိသည်။

"မင်း ကနေဒါကိုထွက်သွားတဲ့အချိန်ကဆို
အစ်မတို့တောင် မျက်ရည်ကျမိတယ်"

"ဘာလို့လဲ အစ်မ"

"တကယ်ကိုချစ်ကြတဲ့ လူနှစ်ယောက်ကို
ကွဲကွာစေမိခဲ့လို့ပေါ့ ...
တော်ပါသေးရဲ့
မင်းတို့ရဲ့ချစ်ခြင်းကအားကြီးလို့ထင်ပါတယ်
ကံတရားကြီးက ဦးဆက်နဲ့မင်းကို
နောက်တစ်ကြိမ် ထပ်တွေ့ဆုံပေးခဲ့တယ်လေ"

"အဟင်း!"

ရာရာ မမာလာချိုပြောတာတွေကို
နားထောင်နေရင်း တံတားပေါ်တက်ကာ
ရေပြင်ကြီးရဲ့အလှကိုခံစား‌နေတဲ့
ချစ်ရသူ ဦးကို‌ငေးကြည့်နေမိသည်။

ဦးရဲ့အချစ်ခံ မဟေသီလေးWhere stories live. Discover now