Part -22

2.3K 38 1
                                    

[ အပိုင်း-၂၂ ]

ရင်းနှီးနေတဲ့ ကိုယ်သင်းနံ့

ဟုတ်တယ်!
ဒီကိုယ်သင်းနံ့ဟာ တစ်လောကလုံးမှာ တစ်ယောက်တည်းရှိတဲ့လူသား
ဦး ရာရာ့ဦးပဲ မှားစရာမရှိအောင်ကိုသေချာနေပါပြီ

ရာရာ့ရင်တွေတုန်လိုက်တာ
ဘာကြောင့်လဲ ဒီလူသားနဲ့မှဘာလို့
တည့်တည့်ကိုလာတိုးရတာလဲ ကံကြမ္မာရယ်

ရာရာ့အဖြစ်က ဒီနေ့မှ ပုဝါလေးကို
ဆောင်လာတာ ဟိုနှစ်ယောက်ကို
ပြေးလိုက်နေတုန်း
လေတဖြူးဖြူးတိုက်နေတာကြောင့်
ပုဝါလေးဟာ တစ်စုံတစ်ခုနဲ့ညှိမိသွားတာပင်

ပုဝါလေးကို အဆွဲခံရတာကြောင့်
ရာရာကပါ ထိုလူ့ရင်ခွင်ကြီးထဲ
၀င်သွားတာဖြစ်သည်။

ဆက် ရင်ခွင်ထဲမှ‌ ခေါင်းလေးဖွက်ကာ
ငြိမ်ကုပ်နေပြီး သူ့နှလုံးသားကို
ခုန်ပေါက်အောင်လုပ်နိုင်တဲ့
မိန်းခလေးကိုသိချင်လာတာကြောင့်
မျက်နှာလေးကို မော့စေလိုက်သည်။
မျက်နှာလေးကိုမြင်လိုက်တယ် ဆိုရင်ပဲ

"ဟာ!"

တစ်စက္ကန့်

နှစ်စက္ကန့်

သုံးစက္ကန့်

ဆက်ရဲ့ ကမ္ဘာကြီးဟာ ရပ်တန့်သွားသယောင်

အချိန်တစ်ခုထိတိတ်ဆိတ်ကာ
သိပ်တွေ့ချင်ခဲ့တဲ့ မျက်နှာလေးကိုသာ
ကြည့်နေမိသည် ။ လက်တွေကလည်း
ရင်ခွင်ထဲမှ အကောင်ပေါက်ပိစိကို
လွတ်ထွက်သွားမှာ ဆိုးသည့်အလား
တင်းကြပ်နေအောင် ဖက်ထားမိသည်။

"ခလေးငယ်"

ဆက် ရဲ့အသံတွေဟာ တုန်နေလျက်

".................."

ဆက် မျက်တောင်မခတ်ချင်အောင်ကို
သူမလေးကိုကြည့်နေမိတာပါ ...
ဘာလို့ဆို
ကြောက်သည်။ သူမလေးကိုနောက်တစ်ကြိမ်
ထပ်ပြီးဆုံးရှုံးရမှာကို သိပ်ကြောက်မိတာကြောင့်ပင်

ဟင့်အင်း
မဖြစ်ဘူး နောက်တစ်ကြိမ်
မနာကျင်ချင်တော့ဘူး

ရာရာ ရင်ခွင်ကျယ်ကြီးထဲမှ
ရုန်းထွက်လိုက်ပြီး ပြိုကျနေတဲ့
ဆံပင်လေးတွေကို နားရွက်နောက်သပ်လိုက်သည်။

ဦးရဲ့အချစ်ခံ မဟေသီလေးWhere stories live. Discover now