Part -18

2.2K 29 0
                                    

[ အပိုင်း-၁၈ ]

"ဒုန်း"

ကားလေးဟာ သစ်ပင်ကြီးကို
အရှိန်ပြင်းပြင်းနဲ့ ၀င်စောင့်လိုက်တာကြောင့်
ကားခေါင်းခြမ်းတစ်ခုလုံး
ကြေမွသွားတော့သည်။

"မာ မာလာချို ဘယ်လိုလုပ်ကြမလဲ"

"ဟင် သွားကြည့်ရမှာပေါ့"

"ဟင့်အင်း ...  ငါ ငါတို့ကိုအမှုပတ်လာမှာဟ
ပြန်ရအောင်ဟာ"

ကားထဲမှ ရှင်နှောင်းငယ်ဟာ
အလွန်ကိုကြောက်နေပေမဲ့
မာလာချိုကတော့ သူမထက်
လူသားဆန်သေးသည်။

စကားပုံတစ်ခုလိုပေါ့ ...
ပုတ်တာကပြင်လို့ရတယ်
ယုတ်တာကတော့ မွေးရာပါဗီဇမို့
ဘယ်တော့မှပြင်နိုင်မှာမဟုတ်ဘူးတဲ့လေ

Flash back
လွန်ခဲ့သောနှစ်ရက်က

"တီး "

မာလာချို သူမမာမီနှင့်
ထိုင်စကားပြောနေတုန်း ဖုန်း၀င်လာခဲ့သည်။

"ဖုန်းနံပါတ်အစိမ်းကြီးပဲ
ဘယ်သူ့ဆီကပါလိမ့် ....
မာမီခဏလေးနော် မာလာပြန်လာခဲ့မယ်"

မာမီ့ကိုပြောကာ မာလာ
အိမ်ရှေ့၀ရံတာသို့ ထွက်လာခဲ့လိုက်သည်။

"Hello "

"မာလာချို ငါကျားကြီးပါ ...
နင့်ကိုပြောစရာရှိလို့"

"ကျားကြီး"

မာလာချိုတစ်ခုခုကိုစဉ်းစားလိုက်ကာ
သတိရဟန်ဖြင့်

"အော်  ...
ရှင်နှောင်းငယ်ရဲ့သူငယ်ချင်းမဟုတ်လား"

"အေ ဟုတ်တယ်"

"ပြောစရာရှိတယ်ဆိုတာက"

"ပြောစရာရှိတာထက်
အသိပေးတာဆို ပိုမှန်မယ်ထင်တယ်"

"ဘာကိုလဲ"

ဒီလူကထူးထူးဆန်းဆန်း
အခုမှ မာလာ့ဆီကိုဖုန်းဆက်ခြင်းဖြစ်သည်။
ရှင်နှောင်းငယ်မိတ်ဆက်ပေးထားလို့
နှစ်ခါလောက်ဆုံဖူးရုံကလွဲ၍ မာလာနဲ့ သူ့ကြားမှာ
တခြားပတ်သတ်မှုမရှိ

မာလာ အတွေးများနေတုန်းမှာပဲ

"သတိုးမင်းဆက် စေ့စပ်တော့မယ်"

"ဘယ်လို"

"ဟုတ်တယ်  ... သူစေ့စပ်တော့မယ် "

"ဘယ်သူနဲ့လို့နင်ထင်လဲ"

ဦးရဲ့အချစ်ခံ မဟေသီလေးWhere stories live. Discover now